Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေး ကူညီရေး ကုလနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီဆို

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးရေးမှာ ပေါင်းစပ်ဆောင် ရွက် ဖို့ ကုလသမဂ္ဂရဲ့အထူးကိုယ်စား လှယ်နဲ့ နေပြည်တော်မှာ ဧပြီ ၉ ရက် ကတွေ့ဆုံဆွေးနွေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလအထူးကိုယ်စား လှယ် ဂျုလီဘိရှော့ (ဓာတ်ပုံ - စစ်ကောင်စီ)

ဧပြီ – ၁၀၊၂၀၂၅/People’s Spring

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးရေးမှာ ပေါင်းစပ်ဆောင် ရွက် ဖို့ ကုလသမဂ္ဂရဲ့အထူးကိုယ်စား လှယ်နဲ့ နေပြည်တော်မှာ ဧပြီ ၉ ရက် ကတွေ့ဆုံဆွေးနွေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အဦးရှေ့မှာ ကုလအထူးကိုယ်စားလှယ်ဂျုလီဘိရှော့နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံနေကြပုံကိုအသားပေး ဖော်ပြပြီးသတင်းထုတ်ပြန်လာတာပါ။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီပံ့ပိုးပေးရေးမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မယ့်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပေမယ့် အသေးစိတ်အချက်အလက်တွေ ဖော်ပြတာမရှိပါဘူး။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီဂူတာရက်စ် ကတော့ စေလွှတ်လိုက်တဲ့ အထူးကိုယ်စားလှယ် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာအောင် ဆွေးနွေးသွားမယ်လို့ ဧပြီလ ၃ ရက်က ပြောကြားထားပါတယ်။

ဂျုလီဘိရှော့ ရဲ့နေပြည်တော်တွေ့ဆုံမှု နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဂျုလီဘိရှော့ရဲ့ နေပြည်တော်ခရီးစဉ်ဟာ ကုလအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ပြီး တစ်နှစ်နီးပါးကြာမှ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ Australian Broadcasting Corporation (ABC) သတင်းဌာနက ဖော်ပြပါတယ်။

ဂျုလီဘိရှော့ဟာ မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီ တွေနဲ့ အကျိုး စီးပွား ဆက်နွယ်မှုတွေရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက ကုလသမဂ္ဂကိုတောင်းဆိုထားတာရှိတာပါ။

စွပ်စွဲချက်ကိုတော့ ဂျုလီဘိရှော့က ငြင်းဆိုထားပါတယ်။

ဂျုလီဘိရှော့မတိုင်ခင် အစောပိုင်း ရက်တွေက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher မြန်မာနိုင်ငံကိုလာရောက်ထားပါတယ်။

ငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူတွေရှိရာ ဒေသတွေဆီ အတားအဆီးမရှိ သွာရောက်ခွင့်ရဖို့လိုအပ်တယ်ဆိုတာကို နေပြည်တော်မှာစစ်ကောင်စီနဲ့ တွေ့ဆုံချိန်က ဆွေးနွေးခဲ့တယ်လို့ Tom Fletcher က အယ်ဂျားဇီးယားသတင်းဌာန နဲ့ အင်တာဗျုးမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူသိန်းပေါင်းများစွာရဲ့ ဘ၀တွေ ပျက်စီးခဲ့ရပြီး အဲဒီ မိသားစုတွေဟာ အကူအညီမပါဘဲ ပြန်ရုန်းထနိုင်ဖို့ဆိုတာ ခက်ခဲလွန်းနေတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

မြန်မာ့ငလျင်ဘေးအတွက် ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာ ကနေ ကတိပြုငွေကြေး ဒေါ်လာ ၉၃ သန်းနဲ့ ကုလသမဂ္ဂ အရေးပေါ်ရန်ပုံငွေဒေါ်လာ ၅ သန်းကို အသုံးပြုသွားမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။