Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရ

မကွေးတိုင်း၊ မြိုင်မြို့နယ် စက်မှု(၂)ထဲကနေ ထန်းရည်ရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

သိမ်းဆည်းရတဲ့ သေနတ်နဲ့ ခဲယမ်းတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဧပြီ ၁၀၊၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ် စက်မှု(၂)ထဲကနေ ထန်းရည်ရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဧပြီ ၉ရက် နံနက်၇နာရီလောက်က စက်မှု(၂)ကနေ အရှေ့ဘက်တောနယ်ထဲကို ထန်းရည်လာရှာတဲ့ စစ်ကောင်စီတပ်ရဲ့တပ်စိတ်တခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စောင့်နေပြီး ဖြတ်တိုက်လိုက်တာ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်သားတစ်ဦးသေဆုံးပြီး MA3 သေနတ်တစ်လက်၊လက်ပစ်ဗုံး တစ်လုံးနဲ့ တခြားခဲယမ်းပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဓားမင်းကြီးတပ်ဖွဲ့၊မြိုင်ညီညွတ်ရေးတပ် ပေါင်းစု၊ဝံပုလွေ ပျောက်ကြားတပ်ဖွဲ့၊ကိုမုဆိုး၊ကိုစတီး၊ကိုကင်း စတဲ့တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။