Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရ

မကွေးတိုင်း၊ မြိုင်မြို့နယ် စက်မှု(၂)ထဲကနေ ထန်းရည်ရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

သိမ်းဆည်းရတဲ့ သေနတ်နဲ့ ခဲယမ်းတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဧပြီ ၁၀၊၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ် စက်မှု(၂)ထဲကနေ ထန်းရည်ရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကာ သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဧပြီ ၉ရက် နံနက်၇နာရီလောက်က စက်မှု(၂)ကနေ အရှေ့ဘက်တောနယ်ထဲကို ထန်းရည်လာရှာတဲ့ စစ်ကောင်စီတပ်ရဲ့တပ်စိတ်တခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စောင့်နေပြီး ဖြတ်တိုက်လိုက်တာ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်သားတစ်ဦးသေဆုံးပြီး MA3 သေနတ်တစ်လက်၊လက်ပစ်ဗုံး တစ်လုံးနဲ့ တခြားခဲယမ်းပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဓားမင်းကြီးတပ်ဖွဲ့၊မြိုင်ညီညွတ်ရေးတပ် ပေါင်းစု၊ဝံပုလွေ ပျောက်ကြားတပ်ဖွဲ့၊ကိုမုဆိုး၊ကိုစတီး၊ကိုကင်း စတဲ့တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။

သတင်း

နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေဟု CDF-အရှိုပြော

သတင်း

စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။