Connect with us

Hi, what are you looking for?

သတင်း

KIA နှင့်TNLA ဆွေးနွေးပွဲ ဗိုလ်ချုပ်အဆင့်အရာရှိဦးဆောင်ညှိနှိုင်းနေ

တအာင်းတပ်မတော်(PSLF/TNLA)နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာ ညှိနှိုင်းရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဗိုလ်ချုပ်အဆင့် အရာရှိ ဦးဆောင်ပြီး ညှိနှိုင်းလျက်ရှိသည်ဟု KIO/KIA၏ ဧပြီ ၉ရက်ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီအတွင်း ရှမ်းမြောက်တွင် နှစ်ဖက်ထိပ်တိုက်တွေ့နေသည့် KIA နှင့် TNLA ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ- Mai Amm La Ngean

ဧပြီ၁၀၊ ၂၀၂၅။ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA)နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာ ညှိနှိုင်းရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဗိုလ်ချုပ်အဆင့် အရာရှိ ဦးဆောင်ပြီး ညှိနှိုင်းလျက်ရှိသည်ဟု KIO/KIA၏ ဧပြီ ၉ရက်ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မန်တုံအပါအဝင် ဒေသအချို့၌ နယ်မြေဆိုင်ရာ အငြင်းပွားမှု ပြဿနာများဖြစ်ပေါ်နေခြင်းကြောင့် KIOနှင့် PSLFတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်း၏ ဆွေးနွေးပွဲ ပြင်ဆင်ရေးအဖွဲ့များ ဧပြီ ၉ရက်တွင် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ညှိနှိုင်းရာတွင် KIO ရှေ့ပြေးညှိနှိုင်းရေးအဖွဲ့ ကို အမျိုးသားတပ်ပေါင်းစု ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ဒါ့ရှီဘရန်နန်ကဦးဆောင်ပြီး PSLF ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းနေသည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KIOနှင့် ဆွေးနွေးပွဲ ညှိနှိုင်းမှုအခြေအနေကို မေးမြန်းရန် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ယမန်နေ့က ကျင်းပခဲ့သည့် ညှိနှိုင်းရေးအဖွဲ့၏ ဆွေးနွေးပွဲတွင် လာမည့်ဆွေးနွေးပွဲ၌ ဆွေးနွေးမည့် ခေါင်းစဉ် ၊ ပြုလုပ်မည့်နေရာနှင့် အချိန်၊ ဖိတ်ကြားမည့်အဖွဲ့အစည်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

KIOနှင့် PSLF တာဝန်ရှိသူများ တရားဝင်ဆွေးနွေးမှုများ ယခင်ကတည်းက ပြုလုပ်နိုင်ခဲ့ပါက လတ်တလော ပြဿနာများကို ရှောင်းလွှားနိုင်မည်ဟု ယုံကြည်ကြောင်း ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“လွန်ခဲ့တဲ့ အချိန်က TNLAဘက်က KIOကို စာအားဖြင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးဖို့ စာပို့ထားတယ်လို့ လွေးယေဦး ပြောကြားထားတာကို သတင်းဌာနတခုမှာ တွေ့လိုက်ပါတယ်။ ဒါပေမဲ့ KIO ဘက်က အရင်တုန်းက ဘာမှတုန့်ပြန်ဖြေကြားတာမတွေ့ပါဘူး။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ KIOဘက်က နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းပြန်ပြီးတော့ ဖွင့်လာတာ အပြုသဘောဆောင်တဲ့လက္ခဏာပါ”ဟု ဦးဇော်ဆန်က ပြောသည်။

ထို့အပြင် နှစ်ဖက်တာဝန်ရှိသူများ စောလျင်စွာတွေ့ဆုံဆွေးနွေးဖြေရှင်းခဲ့ပါက နှစ်ဖက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှု အပါအဝင် မဖြစ်သင့်သည်များ မဖြစ်လောက်ဟုယူဆကြောင်း ၎င်းက ဆိုသည်။

“ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ ပြန်လည်လမ်းကြောင်းပွင့်လာတာ အပြုသဘောဆောင်တယ်လို့ ပဲ ရှုမြင်ပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

နိုင်ငံရေးနည်းလမ်းအရ နှစ်ဖက်တပ်ဖွဲ့များသာမက သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုမှ ပါဝင်သင့်ပါဝင်ထိုက်သူများ သမိုင်းကြောင်းသိသူများအားလုံးက မိမိတို့၏ နိုင်ငံရေးမာနကို အနည်းငယ်လျှော့ချပြီး နှစ်ဖက်အကျိုးရှိအောင် အပြုသဘောဆောင်သည့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်ပါက ရလဒ်ကောင်းများ ရရှိလာမည်ဟုလည်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။