Connect with us

Hi, what are you looking for?

သတင်း

ကရင်မှာ သဲသောင်ပြင် သင်္ကြန် ကို ဖျက်သိမ်းပေမယ့် လမ်းလျှောက် သင်္ကြန် ဆက်ကျင်းပမယ်

ငလျင်ကြီးကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ဘေး သဲသောင်ပြင် သင်္ကြန် ကိုဖျက်သိမ်းလိုက်ပေမယ့် လမ်းလျှောက် သင်္ကြန် ကျင်းပဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ် နေတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ပြီးခဲ့တဲ့ နှစ် သင်္ကြန် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကိုတွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဧပြီ – ၁၂၊၂၀၂၅၊နိုင်ပကောင်း/People’s Spring

ငလျင်ကြီးကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ဘေး သဲသောင်ပြင် သင်္ကြန် ကိုဖျက်သိမ်းလိုက်ပေမယ့် လမ်းလျှောက် သင်္ကြန် ကျင်းပဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ် နေတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

လမ်းလျှောက် သင်္ကြန်ကို ဘားအံမြို့ရှိ ချစ်သူလမ်းကြားမှာ ပြုလုပ်မှာဖြစ်ပြီး ကျင်းပမယ့် နေရာကို ယာယီပိတ်ထားပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

အခုနှစ် သင်္ကြန်ကို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့က စည်ကားအောင် ဆိုပြီး သံလွင်မြစ်ဘေး မှာ နန်းဖော့အွာ သဲသောင်ပြင် သင်္ကြန် အဖြစ် တစ်လကြာ ကျင်းပဖို့ စီစဉ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ငလျင်ကြီးကြောင့် မန္တလေး ၊စစ်ကိုင်း နဲ့ နေပြည်တော်အပါအဝင် ဒေသအချို့မှာ လူထောင်နဲ့ချီပြီး သေဆုံးခဲ့ရတာ ကို စစ်ကောင်စီက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်ပတ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် မန္တလေး​၊ ရန်ကုန် နဲ့နေပြည်တော်က ဗဟို သင်္ကြန် မဏ္ဍပ်တွေကို ဖျက်သိမ်းခဲ့တာ ပြုလုပ်လာပါတယ်။

ကရင်ပြည်နယ်ကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက် သေဆုံးမှု၊ပျက်စီးမှု နည်းပါးပါတယ်။

ဒါပေမယ့် ကရင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီလေတပ်က ပြုလုပ်နေဆဲဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာအများအပြား ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။