Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အမှတ်(၂၅)ရဲတပ်ရင်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မကွေးမြို့နှင့် (၁၂)မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များ​က ပြောသည်။

စစ်ကောင်စီ၏ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်းမှ ရဲများအား ၂၀၁၇က တွေ့ရစဉ်။ ဓာတ်ပုံ - Police Media Group

ဧပြီ ၁၄၊ ၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မကွေးမြို့နှင့် (၁၂)မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များ​က ပြောသည်။

ယမန်နေ့(ဧပြီ ၁၃ရက်) ညနေ ၆နာရီခန့်က တိုက်ခိုက်ခံရပြီး တိုက်ပွဲမှာ ၂နာရီထက်မနည်းကြာမြင့်ခဲ့သည်ဟု ဆိုသည်။

“ကန်သာကြီးရွာနားမှာ။မနေ့ကဖြစ်တာတော့ ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရတာ”ဟု မကွေးမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အမှတ်(၂၅)ရဲတပ်ရင်းသည် မကွေး – ရေနံချောင်းသွားသည့်လမ်းပိုင်း၌ တည်ရှိသည်။ မျက်နှာချင်းဆိုင်တွင် မကွေးမြို့ ဗဟိုအကျဥ်းထောင်(ခ) ဒေါင်းနေအကျဥ်းထောင်ရှိသည်။

“စစ်ကောင်စီဘက်ကတော့ ဒေါင်းနေအကျဥ်းထောင်ကို လာဖောက်တယ်ဆိုပြီး သတင်းဖြန့်တာရှိတယ်။သိရသလောက်က ရဲတပ်ရင်းထဲကို ရှော့တိုက်ဒုန်းတွေ ကျတယ်။ထိခိုက်တာတွေတော့ စုံစမ်းနေတုန်းပဲ”ဟု မကွေးတိုင်းစစ်ဖက်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါအကျဥ်းထောင်တွင် ဒီချုပ်အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် နှစ်ထောင်နီးပါးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့က ရဲတပ်ရင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ မကွေးတိုင်း တော်လှန်ရေးအင်အားစုများထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)အများစုရှိရာ မကွေးတိုင်း၌ တော်လှန်ရေးအင်အားစုများသည် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံခြင်းနှင့် စခန်းအချို့ကို သိမ်းပိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။