Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ကနီမြို့နယ်ကို​ဗုံးကြဲ ကိုရင်တပါးနဲ့ အမျိုးသမီးတဦးသေဆုံး

ဧပြီ-၁၄၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲ ကကျေးရွာတွေကို ဒီနေ့မနက်မှာ စစ်တပ်ကလေ ကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရင်တပါးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ပြီး သံဃာ​တော် တွေအပါအဝင်ထိခိုက်ဒဏ်ရာရသူတွေ များခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

‌ဧပြီလ၁၄ရက်နေ့၊မနက် ၈နာရီ လောက်မှာ သမင်ခြံ ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရင်တပါးပျံလွန် တော်မူပြီး သံဃာ​တော်၃ ပါးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

“ရွာထဲမှာကျတဲ့အလုံးတလုံးရှိသေးတယ်။အဲတာကတော့ မကွဲဘူး”လို့အဲဒီရဲဘော်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မုဌော ကျေးရွာကိုလည်း စစ်​ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

“၁၀ကြိမ်လောက် ကြဲသွားတယ်။တကြိမ်ကို ၂လုံးတွဲပါ့နော်။အလုံး၂၀လောက်ကြဲသွားတယ်”လို့ အဲဒီရဲဘော်က ဆက် ပြောပါတယ်။

စစ်​ကောင်စီက ဧပြီ ၂၀ ရက်​နေ့အထိယာယီအပစ်ရပ်ထားတယ်​ကြေညာပြီး ​နေ့စဥ်ဗုံးကြဲ​နေပါတယ်။

စစ်တပ်က သင်္ကြန်ကာလအတွင်းမှာပဲသပိတ်ကျင်း၊ ကနီ ၊တန့်ဆည် ၊ ​ကောလင်း၊မင်းတပ်၊​ကျောက်​တော် ၊ဗန်း​မော် စတဲ့ နိုင်ငံတစ်ဝန်းကိုလေ ကြောင်းက​နေ ဆက်တိုက် ဗုံးကြဲ​ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။