Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – မုံရွာလမ်းပိုင်း၌ စစ်တပ်ကအင်အားတိုးချဲ့နေကြောင်း ဧရာဝတီPDF သတိပေး

ဧရာဝတီတိုင်း၊ အင်္ဂပူ၊လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့်ပုသိမ် – မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နှစ်ဆန်းပိုင်းကစစ်​ကောင်စီတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Getty Images

ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ အင်္ဂပူ၊ လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့် ပုသိမ် – မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။

ဖမ်းဆီးထားသောကားများ၊သာသနာရေးကားများ၊ လူနာတင်ကားများအားအသုံးပြု၍ နေရာရွှေ့ပြောင်းခြင်းကို သင်္ကြန်ကာလအတွင်း၌ပင် ပြုလုပ်နေပြီး မလိုလားအပ်သောဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက်ပုသိမ် – မုံရွာကားလမ်းမပေါ်တွင်ယာဥ်အသုံးပြုမှုသတိပေးခြင်းဖြစ်​ကြောင်းရှင်းပြထားသည်။

“စစ်တပ်က သင်္ကြန်တွင်းအခါကြီးရက်ကြီးကိုအသုံးချပြီး စစ်ရေးလှုပ်ရှားနေတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းက လူအသွားအလာများတယ်။ ဒါကသူတို့အတွက် ဂွင်ဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပစ်မှတ်ထား၍တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ရေကြည်နှင့်လေးမျက်နှာမြို့နယ်တွင်မတ်လ ၂၄ရက်မှ ၃၁ရက်အတွင်း အရပ်သားခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဧရာဝတီ PDFအမှတ် (၂၉) ဗျူဟာက သတင်းထုတ်ပြန်ထားသည်။

ရေကြည်၊ လေးမျက်နှာ နှင့် အင်္ဂပူမြို့မြို့နယ်ကြား ပုသိမ်-မုံရွာလမ်း၌ ပြီးခဲ့သည့် မတ်လ ၂၇ ရက်အထိ အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများပြင်းထန်ခဲ့သည်။ မတ်လ ၂၈ရက်က ငလျင်လုပ်ပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယာယီအပစ်ရပ်လိုက်ခြင်းနှင့်အတူ AA၊PDFပူးပေါင်းတပ်က ထိုးစစ်ရပ်လိုက်ရာ တိုက်ပွဲအရှိန်လျော့သွားခဲ့သည်။

သို့သော်စစ်ကောင်စီက အပစ်ရပ်စာချုပ်ကိုဆက်လက်ချိုးဖောက်ပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်မှစစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း AAက ဧပြီလ ၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook