Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့စစ်ကောင်စီဝန်ထမ်းအိမ်ရာ၌ မိုင်းပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဖီလာရပ်ကွက် ရှိ စစ်ကောင်စီ​၏ ဝန်ထမ်းအိမ်ရာတွင် မိုင်းပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

ဧပြီ ၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဖီလာရပ်ကွက် ရှိ စစ်ကောင်စီ​၏ ဝန်ထမ်းအိမ်ရာတွင် မိုင်းပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

တောင်ဖီလာရပ်ကွက်၊ နယ်မြေ(၉)ရှိ ဝန်ထမ်းအိမ်ရာတွင် ဧပြီ ၁၄ရက်‌က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအိမ်ယာရှိ အသက် (၃)နှစ်နှင့် (၅)နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက သတင်းဖုံးထားကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ဝန်ထမ်းအိမ်ယာနားမှာဖြစ်တယ်ဆိုတော့ သူတို့တွေဘက်က သတင်းမထွက်စေချင်ဘူး။ သူတို့ထောင်ထားတဲ့မိုင်းကပဲ ပေါက်ကွဲတာလို့ ပြောနေကြတယ်။ မြို့ကတော့ လက်ရှိပုံမှန်ပဲဖြစ် တယ်” ဟု ၎င်းက ပြောသည်။

တောင်ဖီလာရပ်ကွက်သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်လာမည် ဆိုသောကြောင့် မိုင်းများထောင်ထားသည်ကို သိရှိထားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

ကလေးမြို့ပေါ်၌ လက်ရှိစစ်ရေးအခြေအနေငြိမ်သက်သော်လည်း ကလေးမြို့တောင်ပိုင်း၊ ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီနှင့် ပျူစောထီးစခန်းအချို့ကို တော်လှန်ရေးပူး‌ ပေါင်းတပ်များက သိမ်းယူထားသည်။

(ကလေးမြို့ဝန်ထမ်းအိမ်ယာပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသော ကလေးငယ်နှစ်ဦး။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။