Connect with us

Hi, what are you looking for?

သတင်း

ရေပက်သူတွေနဲ့နောက်ဆုံးနေ့မှာ စည်ကားခဲ့တဲ့ ရန်ကုန်သင်္ကြန်

ဒီနှစ်သင်္ကြန်ရဲ့ နောက်‌ဆုံးနေ့မှာတော့ စစ်ကောင်စီရဲ့ လမ်းလျှောက်သင်္ကြန်တွေနဲ့ ဘားတွေပေါတဲ့ ၁၉ လမ်းမှာ ပျော်ပါးသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။

ဧပြီ ၁၆၊၂၀၂၅။ရောင်နီ/People’s Spring

ဒီနှစ်သင်္ကြန်ရဲ့ နောက်‌ဆုံးနေ့မှာတော့ စစ်ကောင်စီရဲ့ လမ်းလျှောက်သင်္ကြန်တွေနဲ့ ဘားတွေပေါတဲ့ ၁၉ လမ်းမှာ ပျော်ပါးသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။

ငလျင်ကြောင့် ဝမ်းနည်းကြေကွဲနေရချိန် သင်္ကြန်ပွဲကိုအပျော်အပါး‌တွေမပါပဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့ စစ်ကောင်စီက လမ်းလျှောက်သင်္ကြန်တွေကို အကြတ်နေ့အမီ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

မြို့တော်ခန်းမရှေ့က လမ်းလျှောက်သင်္ကြန်ကို လာရောက်ရေကစားသူတွေ တွေ့ရသလို ပြည်သူ့ရင်ပြင် ဝန်းထဲက စတုဒီသာနဲ့ လမ်းလျှောက်သင်္ကြန်ကိုလည်းလာရောက်သူတွေ များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သင်္ကြန်အကြိုနေ့က တိတ်ဆိတ်နေခဲ့တဲ့ ရန်ကုန်မြို့ဟာ အကြတ်နေ့နဲ့ အတက်နေ့တွေမှာတော့ ရေကစားသူတွေများပြားခဲ့ပါတယ်။

ဒါ့အပြင် ဘားတွေအများအပြားရှိတဲ့ ၁၉ လမ်းဟာ တိုးမပေါက်အောင်စည်ကားခဲ့တာပါ။

ဆိုင်တွေတိုင်းကလည်း သင်္ကြန်အပြင်အဆင်တွေနဲ့ပြုလုပ်ထားသလို ဆိုင်မထိုင်ရပေမယ့်လည်း လမ်းတလျှောက်လူတွေပြည့်နေခဲ့တာပါ။

https://www.facebook.com/LuduNwayOo/videos/978315440733690

ဒီနှစ်မှာ ရေကစားမဏ္ဍပ်ကြီးတွေမရှိပေမယ့် ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေမှာလည်း ရေကစားတာတွေ တော်တော်များများတွေ့ရပါတယ်။

လမ်းမတန်းတွေမှာလည်း ရေကစားသူတွေတွေ့ရပြီး ကားနဲ့ လည်နေသူတွေကိုလည်းတွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။