Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းသူ ၊အကျဉ်းသား ၄,၉၀၀ ခန့် စစ်ကောင်စီလွှတ်ပေး

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ) မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အချုပ်ထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ကြေညာပါတယ်။

အင်းစိန်ထောင်က လွတ်မြောက်လာမယ့်သူတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပုံ ( ပုံဟောင်း)

ဧပြီ – ၁၇၊ ၂၀၂၅ /People’s Spring

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ) မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အချုပ်ထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ကြေညာပါတယ်။

နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ရင် ကျခံဖို့ကျန်ရှိတဲ့ ထောင်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဘယ်အကျဉ်းထောင်တွေ က ဘယ်နှစ်ဦး လွှတ်ပေးမယ်ဆိုတာတော့မပါရှိပါဘူး။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံခြားသား အကျဉ်းသူ၊အကျဉ်းသား ၁၃ ဦးကို လည်း လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့သိရပါတယ်။

ဒါအပြင် ဧပြီလ ၁၇ ရက်မတိုင်ခင်က ထောင်ဒဏ်ချခံရသူတွေကိုလည်း ကျခံရမယ့် ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လျော့ပေါ့ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိပါတယ်။

ဒါပေမယ့်အဲဒီလို ထောင်ဒဏ်လျော့ပေါ့ပေးတဲ့ အမှုတွေမှာမတရားအသင်း အက်ဥပဒေ ၊ လက်နက် မှု ၊ အကြမ်းဖက်တိုက်ဖျက်ရေး အက် ဥပဒေ ၊ အဂတိအမှု ၊ သဘာဝဘေးအမှု ၊ ဖောက်ခွဲမှု ၊မှုးယစ်ဆေးဝါးမှု၊လူသတ် မှု ၊ မုဒိမ်းမှုတို့ မပါဝင်ပါဘူး။

နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကိုအကြမ်းဖက်မှု ၊ လက်နက်မှု ၊ ဖောက်ခွဲမှု ၊မတရားအသင်းအမှုတို့နဲ့စစ်ကောင်စီက တရားစွဲဆိုထောင်ချထားတာတွေရှိပါတယ်။

ဒါအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့် တို့ အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကိုလည်း အဂတိအမှု ၊ သဘာဝဘေးအမှု တွေနဲ့စွပ်စွဲပြီး အကျဉ်းချထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခါကြီးရက်ကြီးတွေမှာ အကျဉ်းသူ၊အကျဉ်းသားတွေကို လွတ်ငြိမ်းပေးလေ့ရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ စစ်အာဏာသိမ်းမှုနဲ့ဆက်နွယ်ပြီး ဖမ်းခံရသူတွေ ပါဝင်မှု အရေအတွက်နည်းပါးတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးထောင်ချခံရသူအများစုကိုသာ လွတ်ငြိမ်ပေးတာလို့ နိုင်ကျဉ်းမိသားစုဝင်အချို့ကလည်း စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းအတွေ့အကြုံကို ပြောပြထားပါတယ်။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၄ နှစ်ကျော်ကာလအတွင်း အာဏာသိမ်းဖြစ်စဉ်နဲ့ဆက်စပ်ပြီး ဖမ်းခံရသူ စုစုပေါင်း ၂၉,၀၃၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။

အဲဒီအထဲက ၂၂, ၁၉၇ ဦး ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူတွေထဲက ၁၀,၇၆၉ ဦး ကို ထောင်ဒဏ်တွေ ချမှတ်ထားပြီဖြစ်တယ်လို့ AAPP ရဲ့စာအရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook