Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့တွင် စစ်တပ်ထောင်ထားခဲ့သည့် မိုင်းအများအပြား ရှင်းလင်းရန်ကျန်နေ

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း မင်းတပ်မြို့တွင်း၌ မိုင်းအလုံး‌‌ ရေ၂၀၀၀ထက်မနည်း ရှင်းလင်းပြီဖြစ်သော်လည်း မိုင်းအများအပြားကျန်ရှိနေသေး၍ သတိပြုကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်လည်။

မင်းတပ်မြို့ပေါ်တွင် ရှင်းလင်းထားပြီးဖြစ်သော မိုင်းများ။ ဓာတ်ပုံ − မင်းတပ်−ပအဖ

ဧပြီ ၁၇၊၂၀၂၅၊ဇော်ရမ်း/People’s Spring

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း မင်းတပ်မြို့တွင်း၌ မိုင်းအလုံး‌‌ ရေ၂၀၀၀ထက်မနည်း ရှင်းလင်းပြီဖြစ်သော်လည်း မိုင်းအများအပြားကျန်ရှိနေသေး၍ သတိပြုကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်လည်။

မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာတွင် ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်ရှင်းလင်း ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် မတ်လအထိမြေမြုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း ၂,၀၀၀ထက်မနည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မိုင်းအနည်းငယ်ကျန်သည့်နေရာ ၁၁နေရာ၊ မိုင်းအများအပြားကျန်ရှိနေသေးသည့်နေရာ ၁၀နေရာကို ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများမှာ ဘောင်ထဲကျေးရွာ ရေသန့်စင်စက်သွားရာ လမ်းတလျှောက်နှင့် ရေသန့်စက်အနီးတဝိုက်၊ ဘောင်ထဲရွာ သင်္ချိုင်းမရောက်မီ ဖြတ်လမ်း၊ တောလမ်းများ၊ ဘောင်ထဲကျေးရွာသွားလမ်း ညာဘက် လူငယ်ဂေဟာအနောက်ဘက်တောလမ်း၊ ဦးဝမ္မသူးမောင်းပန်းခြံတဝိုက်၊စစ်ကောင်စီအထိုင်ချခဲ့သော မြို့အဝင်ဂိတ်နားတဝိုက်၊ မြို့ဝင်မီးသတ်ကုန်းတစ်ဝိုက်၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးဝန်း၊ အ.ထ.က (၂) နှင့် တာဝါတိုင်ကုန်းကြားနေရာများ၊ စီမံကိန်းရုံးမျက်နှာချင်းဆိုင်ရှိ နေအိမ်များ၏ နောက်ဖေးခြံဝန်းများ၊တတိယမြို့ပတ်လမ်းရှိ ဟုန်းမိသားစုဟိုတယ်အနီး ဦးထန်းယောအိမ်နောက်ဖေး ခြံဝင်းတဝိုက်၊လှေးကောင်းလမ်းခွဲအောက် ဖြတ်လမ်းရှိ သင်္ချိုင်းဇရပ်အနီးတဝိုက် တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြေမြုပ်မိုင်းများ ကျန်ရှိနေသေးသော နေရာများမှာ ဆည်မြောင်းရုံးအပေါ်ဘက် စေတီငယ်ဝန်းကျင်မှစ၍ မြလေးပွင့်စေတီတောင်ကြောတလျှောက်၊ တပ်ရင်း(၂၇၄) ခြံစည်းရိုး အောက်ပိုင်းနှင့် မင်းတပ် – မတူပီလမ်းအပေါ်ဘက် ကြားနေရာတလျှောက်၊ တောင်ပုလုကျောင်းအဝင်၀ ခလရ (၂၇၄) ဂိတ်ရှေ့ဝန်းကျင်မှစ၍ မင်းတပ် – မတူပီလမ်းအထိ ဘောလုံးကွင်းငယ်များ တဝိုက်၊ဆည်မြောင်းရုံးနှင့် Grace ဘုရားကျောင်းဝန်းကျင်မှစ၍ နတလ (၁)၊ အိမ်တွင်းမှုကျောင်းနှင့် မြလေးပွင့်ဘုရားကုန်းတောင်ကြောတလျှောက်၊မြလေးပွင့်ရပ်တော်မူဘုရားကုန်း အောက်ဘက်နှင့် မင်းတပ် – ကန်ပက်လက်လမ်း အပေါ်ဘက် ကြားရှိ ထင်းရူးတောမှစ၍ ပန်းအော့ရွာလမ်းခွဲအထိ တောအုပ်တလျှောက်၊ ပန်းအော့လမ်းခွဲဝန်းကျင်မှစ၍ ၃ မိုင် ၅ ဖာလုံ ချောက်တော်ရွာ စာသင်ကျောင်းဝင်းတဝိုက်၊၄ မိုင်ကုန်းအနီးဝန်းကျင်နှင့် အနီးတဝိုက်၊ ခရိုင်မီးသတ်ကုန်းနှင့် တက္ကသိုလ်ကုန်းအကြားတို့တွင် ကျန်ရှိနေသည်။

ထို့အပြင် ၄ မိုင်ဘုန်းကြီးကျောင်း အပေါ်ဘက် တက္ကသိုလ်ကုန်းဝဲယာ တောင်ကြောတလျှောက်မှစ၍ ၁၄ မိုင်အထိ၊၄ မိုင်ကုန်းဘုန်းကြီးကျောင်းမှစ၍ မင်းတပ် – မတူပီ ကားလမ်းအပေါ်ဘက်တလျှောက် ၆ မိုင်ဘုန်းကြီးကျောင်းအထိ တို့ဖြစ်သည်။ ထိုနေရာများကို ဒေသခံများ သွားလာခြင်းမပြုရန် မိုင်းသတိပေးစာတန်းများ ရေးသားထားသည်။

မိုင်းရှင်းလင်းနိုင်ခြင်း မရှိသေးသည့်နေရာများ ကို လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊ ကျေးရွာ၊ ရပ်ကွက်များအတွင်း စစ်ကောင်စီလက်ကျန်မိုင်း၊ ပေါက်ကွဲတတ်သော ဝတ္ထုပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ထံလည်းကောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံလည်းကောင်း ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည်။

မင်းတပ်မြို့တွင် ပြီးခဲ့သည့်မတ်လက စစ်ကောင်စီ လက်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း၌ မင်းတပ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။