Connect with us

Hi, what are you looking for?

သတင်း

UWSA နှင့် MNDAA လုံခြုံရေးအကူအညီဖြင့် လာရှိူးမြို့တွင်းသို့ စစ်ကောင်စီပြန်ဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့ ပတ်၍ ပျံသန်းနေသည်။

စစ်ကောင်စီဝင်လာမည်ဖြစ်၍ လားရှိုးမြို့ဆေးရုံကြီးပိတ်ထားသည်ကို ဧပြီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − Shan CJ

◾️UWSAက လုံခြုံရေးယူပေးခြင်းမရှိဟု “ဝ”တပ် ပြင်ပဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်း ငြင်းဆို

◾️လားရှိူးကောင်းကင်ယံ၌ စစ်ကောင်စီ လေယာဉ်အချို့ပတ်ပျံနေ

ဧပြီ ၁၈၊၂၀၂၅။ခွာညို/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့ ပတ်၍ ပျံသန်းနေသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်။ ဝင်လာတာ။ ဝနဲ့ ကိုးကန့်က လုံခြုံရေးယူပေးတယ်။ အခုဆို လေယာဉ်သံတွေ ပြန်ကြားနေရပြီ”ဟု လားရှိူးမြို့ခံတစ်ဦးက ပြောသည်။

Y12 လေယာဉ်ကဲ့သို့သော လေယာဉ်နှစ်စီးသည် လားရှိူးမြို့နယ်နမိတ်အတွင်း လှည့်၍ ပျံသန်းနေခြင်းဖြစ်သည်။

“လားရှိူး နယ်နမိတ်တကြောကို ပတ်ကြည့်နေသလိုပဲ။ သေချာတာက လားရှိုးထဲကို စစ်ကောင်စီ ပြန်ဝင်လာတဲ့နောက်ပိုင်း သတိထားနေရတော့မယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ လားရှိူး- သီပေါ ပြည်ထောင်စုလမ်းပိုင်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ရဟတ်ယဉ်ဖြင့်လည်း ပို့ဆောင်ခဲ့ခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီသည် မြို့ပေါ်၌သာကွက်၍အုပ်ချုပ်ခွင့်ရထားပြီး မြို့ပတ်ဝန်းကျင်များကို MNDAAတပ်က ဆက်လက်ထိန်းချုပ်ထားမည်ဟု သတင်းများထွက်ပေါ်နေသည်။

မြို့သိမ်းတိုက်ပွဲအပြီးအတွင်း MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့နယ် မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ်၊ မိုင်းရယ်၊ဟိုယနှင့် နမ့်ပေါင်ကျေးရွာတို့ကို MNDAA က ဆက်လက်ထိန်းချုပ်ထားမည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။

” စစ်ကောင်စီက တရုတ်အားကိုးနဲ့ ခွေးတိုးပေါက်က ဝင်လာရတာ။ ကိုးကန့်က စစ်ရေးရော အုပ်ချုပ်ရေးရော အသာစီးယူထားတယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် MNDAAက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များ လားရှိုးမြို့အတွင်း ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်းက “မိမိတို့ UWSA”ဝ”တပ်ဖွဲ့အနေဖြင့် မည်သည့်အဖွဲ့ကိုမှ လုံခြုံရေးလုပ်ပေးမှုမျိုးမရှိခဲ့ပါ”ဟု ယနေ့(ဧပြီ ၁၈ရက်) ညပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် ငြင်းဆိုထားသည်။

MNDAA ပူးပေါင်းတပ်က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည့်လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် တရုတ်က ဖိအားပေးခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပြန်ဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Facebook