Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်ကို စစ်တပ်က လေ‌‌ယာဉ်နဲ့ဗုံးကြဲ၊ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅‌ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅‌ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် မနေ့ ညနေ ၃နာရီထိုးခါနီးအချိန်မှာ နမ့်တည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၁နှစ်အရွယ် ဒေါ်စန်ကြည်နဲ့ အသက် ၆နှစ်အရွယ် မလရိပ်ဖြူတို့ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိပါဘူး။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရွာတွေထဲကို လိုက်ကြဲနေတာ။ အခု ထိတာလည်း ပြည်သူတွေပါပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၃ဦးတို့လည်း ထိခိုက်‌‌ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်တာတွေ ပြုလုပ်နေပြီး သပိတ်ကျင်းမြို့နယ်မှာ နှစ်ရက်အတွင်းပြည်သူ ၂၅ဦးထက်မနည်း သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်း၊ပင်ပွံ၊လဲင်းဗွာလနှင့် ကောင်ဗာကျေးရွာများမှ ပြည်သူ ၃,၀၀၀ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

Facebook