Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေ ဆူညံနေ၊ မြို့ခံတွေ ထိတ်လန့်

ငလျင်သတင်း ကောလာဟလတွေပြန့်ပြီးနောက် ပြည်သူတွေလမ်းပေါ်ထွက်အိပ်နေချိန် မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေဆူညံနေပြီး ပြည်သူတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်တွေဆက်တိုက်လှုပ်နေလို့ ပြည်သူတွေ လမ်းပေါ်ထွက်အိပ်နေရပါတယ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၀၊၂၀၂၅။ မေ/People’s Spring

ငလျင်သတင်း ကောလာဟလတွေပြန့်ပြီးနောက် ပြည်သူတွေလမ်းပေါ်ထွက်အိပ်နေချိန် မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေဆူညံနေပြီး ပြည်သူတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မနက်ဖြန် ဧပြီ ၂၁နဲ့၂၂ရက်မှာ ငလျင်ကြီးလှုပ်နိုင်တယ်ဆိုတဲ့သတင်းနဲ့ မုန်တိုင်းသတင်းတွေ ပြန့်နှံ့ပြီးတဲ့နောက် မန္တလေးမြို့ပြည်သူတွေဟာ ဒီနေ့ညမှာ လမ်းမပေါ်ပြန်ထွက်အိပ်နေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီလို ထိတ်လန့်နေချိန်မှာ မြို့အနောက်ဘက်ခြမ်းမှာ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ပြည်သူတွေငုတ်တုတ်ထိုင်စောင့် နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” သုံးချက်ရှိပြီ။တအုန်းအုန်းကြားနေရတာ ‌‌။မင်းကွန်းဘက်ကလား ၊မြစ်ဆိပ်က ပစ်နေလားမသိဘူး။အခုအကုန်အထုတ်တွေပြင်ပြီး ထိုင်စောင့်နေကြရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကျုံး‌‌ရဲ့ အနောက်ဘက်မှာ‌နေထိုင်တဲ့ နောက်ထပ်မြို့ခံတစ်ဦးကလည်း လက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ပြောပါတယ်။

“မအလက တစ်မျိုး၊ငလျင်က တစ်မျိုး ဒီညမအိပ်ရ တော့ဘူး”လို့ ပြောပါတယ်။

ဒီနေ့ညမှာ မန္တလေးမြို့ခံအများအပြားဟာ လမ်းမဘေးပေါ် ထွက်အိပ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းက တောင်သာ၊ မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၅၀နီးပါး သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook