Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲ့သတိပေးချက်ကို မျက်ကွယ်ပြုပြီးနယ်စပ်နားမှာ စစ်ကောင်စီလေတပ် ဗုံးကြဲ

ထိုင်း-မြန်မာနယ်စပ်နားမှာ ဗုံးကြဲတိုက်ခိုက်တာမျိုး မလုပ်ဖို့ ထိုင်းဖက်က သတိပေးမှုကို မျက်ကွယ်ပြုပြီးစစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့ကြောင်း ထိုင်းသတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါတယ်။

ဓါတ်ပုံ-Khaosod

People’s Spring

ထိုင်း-မြန်မာနယ်စပ်နားမှာ ဗုံးကြဲတိုက်ခိုက်တာမျိုး မလုပ်ဖို့ ထိုင်းဖက်က သတိပေးမှုကို မျက်ကွယ်ပြုပြီးစစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့ကြောင်း ထိုင်းသတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါတယ်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ နယ်စပ်နားမှာ ဧပြီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကချနဘူရီခရိုင် ၊ Baan Phu Nam Rorn နယ်စပ်ဂိတ်အနီးကိုစစ်ကောင်စီ လေတပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ ထိုင်းသတင်းဌာန Khaosod သတင်းဌာနက​ဖော်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေးတွေဟာ ထိုင်းလေပိုင်နက်ထဲကိုပါ ဝင်ရောက်ခဲ့တယ် ဆိုတာကို ထိုင်းဖက်က မှတ်တမ်း ရရှိထားတယ်လို့လည်းဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေတပ်ဟာထိုင်းနယ်စပ်နဲ့ ထိစပ်ရာ တနင်္သာရီတိုင်းထဲက KNLA ပစ်မှတ်တွေကို ဗုံး ၁၀ လုံးလောက် ကြဲချခဲ့တယ်လို့လည်း Khaosod သတင်းဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းတိုင်းထဲမှာ KNLA တပ်မဟာ ၄ ရဲ့ နယ်မြေထဲမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ထီးထာ ဗျူဟာစခန်းကို KNLA နဲ့ပူး​ပေါင်းတပ်​တွေက တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ စခန်းသိမ်း တိုက်ပွဲအတွင်း KNLAဟာ စစ်လက်နက်၊ခဲယမ်းတွေနဲ့စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။

ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်းကိုနယ်​မြေစိုးမိုးနိုင်ဖို့စစ်​ရေးအရ အ​ရေးပါလှတဲ့ထီးထာစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗျူဟာမှူး အပါအဝင်စစ်သားအများအပြားသေဆုံးခဲ့ပြီးစစ်သားအချို့ထိုင်းကိုထွက်​ပြေးခဲ့ပါတယ်။ဒါဟာ KNLAရဲ့ တပ်မဟာ ၄ နယ်မြေထဲမှာ ဗျူဟာအဆင့် စခန်းတစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။

ထီးထာဗျူဟာသိမ်းပြီး​နောက်မှာလည်း နယ်စပ်မှာတိုက်ပွဲ​တွေဆက်လက်ဖြစ်ပွား​နေတာဖြစ်ပါတယ်။

စစ်တပ်က နယ်စပ်မှ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရပေမယ့် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံကို Khaosod က အသုံးပြုထားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှု အပြီးမှာတော့ ထိုင်းလေပိုင်နက်ကို ကာကွယ်ဖို့အတွက် လေယာဉ်ပစ် အမြောက်တွေကို နယ်စပ်ဆီ ရွှေ့ပြောင်း နေရာချနေတယ်လို့လည်း Khaosod သတင်းမှာ ပါရှိခဲ့ပါတယ်။

Facebookမှာ ဖော်ပြထားတဲ့ အဲဒီ သတင်းရဲ့ အောက်မှာတော့ အမေရိကန်လုပ် F-35တွေလိုမျိုး ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဝယ်ယူဖို့တောင် ကြိုးစားနေပါတယ်ဆိုတဲ့ ထိုင်းလေတပ်ဟာ ခေတ်နောက်ကျပြီး အိုဟောင်းနေတဲ့ ရဟတ်ယာဉ် တစ်စီးက လေပိုင်နက်ထဲဝင်ပြီး တူတူပုန်းတမ်း ကစားနေတာကိုတောင် ပစ်မချနိုင်ဘူးလားလို့ လှောင်ပြောင်ထားတဲ့ မှတ်ချက်မျိုးတွေကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ အပစ်အခတ် ရပ်စဲထားမယ်လို့ ကြေညာပေမယ့် အဲဒီကာလအတွင်းမှာ အရပ်သား ပစ်မှတ် အများအပြား အပါအဝင် နိုင်ငံအနှံ့မှာ ​နေ့စဥ်ဗုံးကြဲ​နေတာဖြစ်ပါတယ် ။စစ်တပ်ကအရပ်သားပစ်မှတ်​တွေကိုပါဗုံးကြဲလို့ က​လေးငယ်​တွေ ၊အမျိုးသမီး​တွေ ၊သက်ကြီးရွယ်အို​တွေအပါအဝင် ပြည်သူအများအပြား​ ​သေဆုံးဒဏ်ရာရ​နေပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်နေတာကို Burma Research Institute (BRI) က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။

သတင်း

ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။