Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်နားမှာစစ်ကောင်စီလေတပ်ဗုံးကြဲမှုကို ထိုင်းရွာသားတွေ တွေ့မြင်ခဲ့ရ

ထိုင်း-မြန်မာနယ်စပ်နားမှာ စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်​နေ့မှာဗုံးတွေ ကြဲချခဲ့တာကို ထိုင်းနိုင်ငံဖက်က ရွာသားတွေက တွေ့မြင်ခဲ့ရပါတယ်။

ဧပြီ-၂၂ ၊၂၀၂၅။ People’s Spring

ထိုင်း-မြန်မာနယ်စပ်နားမှာ စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်​နေ့မှာဗုံးတွေ ကြဲချခဲ့တာကို ထိုင်းနိုင်ငံဖက်က ရွာသားတွေက တွေ့မြင်ခဲ့ရပါတယ်။

ဧပြီ ၂၁ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ မွမ်ခရိုင်မှာ ရှိနေတဲ့ ဘန်ဖူနမ်ရွန် နယ်ခြားဂိတ်နား ကျေးရွာတွေက ဒေသခံတွေဟာ မြန်မာနိုင်ငံဖက်ခြမ်းမှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စခန်းကို စစ်ကောင်စီ လေတပ်ရဲ့ Y-12 ဘက်စုံသုံး လေယာဉ်တစ်စီးက ဗုံးတွေ ကြဲချနေတာကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ တနင်္သာရီ တိုင်းထဲမှာရှိတဲ့ ထီးထာဗျူဟာနားက တိုက်ပွဲမှာ ပေါက်ကွဲသံတွေ ၁၀ ကြိမ်ထက်မနည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါတင် မကသေးဘဲ MI17 အမျိုးအစား ရဟတ်ယာဉ် ၃ စီးက KNLA သိမ်းပိုက်ထားတဲ့ စခန်းတစ်ခုနားမှာ တပ်ဖွဲ့ဝင် ၆၀ လောက်ကို သွားရောက် ပို့ဆောင်ပေးတာကိုလည်း တွေ့မြင်သူတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းတိုင်းထဲမှာ KNLA တပ်မဟာ ၄ ရဲ့ နယ်မြေထဲမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ထီးထာ ဗျူဟာစခန်းကို KNLA နဲ့ပူး​ပေါင်းတပ်​တွေက တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ စခန်းသိမ်း တိုက်ပွဲအတွင်း KNLAဟာ စစ်လက်

နက်၊ခဲယမ်းတွေနဲ့စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။

ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်းကိုနယ်​မြေစိုးမိုးနိုင်ဖို့စစ်​ရေးအရ အ​ရေးပါလှတဲ့ထီးထာစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗျူဟာမှူး အပါအဝင်စစ်သားအများအပြားသေဆုံးခဲ့ပြီးစစ်သားအချို့ထိုင်းကိုထွက်​ပြေးခဲ့ပါတယ်။ဒါဟာ KNLAရဲ့ တပ်မဟာ ၄ နယ်မြေထဲမှာ ဗျူဟာအဆင့် စခန်းတစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေပြင်းထန်လာပြီးနောက်မှာ ထိုင်းက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ထားခဲ့ပါတယ်။

တိုက်ပွဲတွေဟာ အရှိန်အဟုန် ဆက်လက် မြင့်တက်လာနိုင်ခြေ ရှိနေပြီး ထိုင်းအစိုးရက စစ်ရေး ပဋိပက္ခကို နိုင်ငံပိုင်နက်ထဲ ကူးစက်မလာအောင် တားဆီးပေးဖို့၊ နယ်စပ်တဝိုက်မှာ ဗုံးကြဲတာမျိုး မလုပ်ဖို့ စစ်ကောင်စီကို သတိပေးထားပေမယ့် စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှု​တွေအပြီးမှာတော့ ထိုင်းလေပိုင်နက်ကိုကာကွယ်ဖို့အတွက်လေယာဉ်ပစ်အမြောက်တွေကိုနယ်စပ်ဆီကိုရွှေ့ပြောင်းနေရာချနေတယ်လို့လည်း Khaosod သတင်းမှာ ပါရှိခဲ့ပါတယ်။

Khaosod ကဖော်ပြထားတဲ့ အဲဒီ သတင်းရဲ့ အောက်မှာတော့ အမေရိကန်လုပ် F-35တွေလိုမျိုး ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဝယ်ယူဖို့တောင် ကြိုးစားနေပါတယ်ဆိုတဲ့ ထိုင်းလေတပ်ဟာ ခေတ်နောက်ကျပြီး အိုဟောင်းနေတဲ့ ရဟတ်ယာဉ် တစ်စီးက လေပိုင်နက်ထဲဝင်ပြီး တူတူပုန်းတမ်း ကစားနေတာကိုတောင် ပစ်မချနိုင်ဘူးလားလို့ လှောင်ပြောင်ထားတဲ့ မှတ်ချက်မျိုးတွေကို တွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံ မြန်မာ စစ်ရှောင် အများအပြားဟာ ထိုင်းနယ်စပ် တလျှောက်မှာ ရှိနေတဲ့ စစ်ရှောင် စခန်းတွေဆီ ယာယီ ရွှေ့ပြောင်း ခိုလှုံခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ကိုးကား-Bangkok Post ၊ Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

Facebook