Connect with us

Hi, what are you looking for?

သတင်း

AAသိမ်းထားသည့်ညောင်ကျိုးဗျူဟာကို ဦးတည်၍ စစ်ကောင်စီအင်အားဖြည့်နေ

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

AA က ဧပြီ ၂ ရက်တွင် ပဲခူးတိုင်းရှိ ​​ညောင်ကြိုးဗျူဟာအား သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

ဧပြီ-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ညောင်ကျိုးဗျူဟာစခန်းကုန်းကို AAက မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဧပြီလ (၂)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်၍ရသော အခွင့်အရေးရှိခဲ့သော်လည်းအပစ်ရပ်ကြေညာချက်ကြောင့် လိုက်လံ‌ ချေမှုန်းခြင်းမပြုလုပ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ညောင်ကျိုးဗျူဟာစခန်းကုန်းကို ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီကဧပြီလ ၂၀ရက်မှစ၍ ပြည်၊ ပန်းတောင်းမြို့တို့မှ အင်အားအများအပြားပို့ဆောင်နေသည်ဟု သတင်းရရှိသည်။

“ပြည် ဒကစ ကိုအင်အားဖြည့်တယ်။ ဧရာဝတီနဲ့ပဲခူးတိုင်းက စစ်သင်တန်းဆင်းတွေအများဆုံးပါတယ်။ အဲဒီကနေပန်းတောင်းကိုပို့နေတယ်”ဟု ပြည်ခရိုင်မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးကြေညာထား​စဥ်ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ပြီး အရပ်သားထိခိုက်သေဆုံးမှုရှိကာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း AA၏သတင်းပြန်ကြားရေးဌာနက ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ အပစ်ရပ်စဲရေးကြေညာချက်မှာ” အမည်ခံ ငလျင်အပစ်အခတ်ရပ်စဲရေး –ငလျင်အပစ်အခတ်ရပ်စဲရေး” ဟုဖော်ပြထားသည်။

ကိုယ်တိုင်ကြေညာထားသော ကြေညာချက်ကိုလေးစားခြင်းမရှိဘဲ စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နှင့် ပေါက်တော တို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့သည်ဟု AA၏ သတင်းပြန်ကြားရေးတာဝန်ခံခိုင်သုခက ထုတ်ပြန်ထားသည်။

တိုက်လေယာဉ်၊ဒရုန်း၊စက်တပ်လေထီးဖြင့် တိုကခိုက်ခြင်းအပြင်ရေတပ်သင်္ဘောများမှ ပစ်ခတ်ခြင်းလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟုဆိုသည်။တိုက်ခိုက်မှုများအတွင်းတွင် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၂၈ ဦး ဒဏ်ရာရကာ ဒဏ်ရာရသူများအနက် ၅ ဦးမှာ အသက် ၅ မှ ၁၄ နှစ်အကြားရှိ ကလေးများဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်းနှင့် ပဲခူးတိုင်းအတွင်း ရန်ကုန်-ပြည် လမ်းပိုင်းကို အသုံးပြု၍ စစ်ကောင်စီကစစ်ရေးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေကြသည်။

ပြည်သူများအနေဖြင့်ပုသိမ်-မုံရွာလမ်း‌ နှင့် ရန်ကုန်-ပြည် လမ်းပိုင်းကိုပါ ယခုရက်ပိုင်း သတိပြုသွားလာကြရန်ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

(AA က​ညောင်ကျိုးဗျူဟာစခန်းကို ဧပြီ ၂ ရက်ကသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

Facebook