Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေကိုနေရပ်ပြန်ပို့ရေးတရုတ်ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်ပါတီတောင်းဆို

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စအတွက် တရုတ်က ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ပါတီတစ်ခုက တောင်းဆိုလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ဘင်္ဂလားဒေ့ရှ်ဘီပလိုဘီအလုပ်သမားပါတီ(Biplobi Workers' Party)တို့က တာဝန်ရှိသူ​တွေ ဧပြီ ၂၇ ရက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ​တွေ့ဆုံစဥ်။ဓါတ်ပုံ-TBS

ဧပြီ-၂၈၊၂၀၂၅။People’s Spring

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စအတွက် တရုတ်က ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ပါတီတစ်ခုက တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဘီပလိုဘီ အလုပ်သမားပါတီ(Biplobi Workers’ Party)က ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံဆီ ဘေးကင်းကင်းနဲ့ ပြန်နိုင်ရေးအတွက် တရုတ်က တက်ကြွစွာ ထဲထဲဝင်ဝင် ပါဝင်ပေးစေလိုကြောင်း တိုက်တွန်းထားခဲ့တာ ဖြစ်ပါတယ်။

တရုတ်အာဏာရကွန်မြူနစ်ပါတီ(CCP)က စေလွှတ်လိုက်တဲ့ ​လေးဦးပါကိုယ်စားလှယ် အဖွဲ့တစ်ခုနဲ့တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဘီပလိုဘီအလုပ်သမားပါတီ အတွင်းရေးမှူးချုပ် ဆိုင်ဖူလ်ဟာကေးက ပါတီ အနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဆီ ဘေးကင်းစွာပြန်ပို့ရေးကိစ္စမှာတရုတ်အနေနဲ့လေးလေးနက်နက်နဲ့ပိုပြီးတက်ကြွတဲ့ကဏ္ဍမျိုးပါဝင်တာဝန်ယူပေးစေချင်တယ်ဆိုတာမေတ္တာရပ်ခံခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

CCPရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒါကာမြို့မှာရှိတဲ့The Westin ဟိုတယ်မှာ ဧပြီ ၂၇ ရက်နေ့က တွေ့ဆုံကြရာမှာဘီပလိုဘီအလုပ်သမားပါတီရဲ့၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကိုဆိုင်ဖူလ်ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။

တစ်နာရီကြာ ဆွေးနွေးမှုဟာ ပါတီနှစ်ခုကြား၊ ပြီးတော့နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းအောင် မြှင့်တင်နိုင်ရေးကို အဓိက ဦးစားပေး ချဉ်းကပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာကိစ္စအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား​တွေကိုတရုတ်ဗီဇာစည်းမျဉ်းတွေလျှော့ပေါ့ရေးကိုလည်းသူ့ရဲ့ပါတီကထည့်သွင်းတောင်းဆိုခဲ့ကြောင်း၊ ဒါမှသာဆေးကုဖို့၊ စီးပွားရေးကိစ္စနဲ့ တခြားအရေးပေါ် အကြောင်းအရာတွေမှာတရုတ်နိုင်ငံဆီ သွားလာဖို့ ပိုလွယ်ကူနိုင်မှာဖြစ်ကြောင်းလည်းဆိုင်ဖူလ်ကထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

CCP ကိုယ်စားလှယ် အဖွဲ့က တရုတ်ဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ မူကို ခိုင်ခိုင်မာမာ ဆက်လက် ဆုပ်ကိုင်ထားပြီး တရုတ်-ဘင်္ဂလားဒေ့ရှ် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ စိတ်အားထက်သန်စွာ ရှိနေတယ်လို့ ကတိပြုခဲ့ကြောင်းလည်း ဆိုင်ဖူလ်က ဆိုပါတယ်။

ဒါအပြင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု​တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအသုံးချပြီး ပြုလုပ်တာမျိုးကို ပြည်သူ​တွေက ဘယ်သူ့ ကိုမျှ ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်​တွေကို အာမခံထားတယ်လို့လည်းဆိုင်ဖူလ်ကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေစဉ် အတောအတွင်း CCP ကိုယ်စားလှယ် အဖွဲ့ဟာ အစ္စမေးလ် အန်ဒိုလွန် ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ် ဂျာတီယာဒဲလ်တို့ အပါအဝင် နိုင်ငံရေး ပါတီတချို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား- TBS

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”