Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေပြီးနောက် ဆုတ်ခွာထွက်ပြေးသွား

မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း ဧပြီ ၂၇ရက်က စစ်ကောင်စီလေကြောင်းမှ အပြင်းအထန်ခုခံခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ-PVTV

ဧပြီ၂၈၊၂၀၂၅။ဇော်ရမ်း၊ဟန်နွေPeople’s Spring

မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း ဧပြီ ၂၇ရက်က စစ်ကောင်စီလေကြောင်းမှ အပြင်းအထန်ခုခံခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

အင်အား ၇၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်အားပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၂)နှင့် မဟာမိတ်များကတိုက်ခိုက်ခဲ့ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သတင်းဌာန PVTVက ဧပြီ ၂၈ရက် နေ့လယ်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မင်းလှမြို့နယ် ဆားချောင်းကျေးရွာမှနေ၍ ဧပြီ၂၇ရက် နံနက် ၅ နာရီ ၁၀မိနစ်ခန့်မှ စတင်ကာ မိုးရိပ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ နံနက် ၇ နာရီခွဲခန့်တွင် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် ၂ နာရီခွဲခန့် ကြာခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီက Mi35တစ်စီး ၊ ဂျက်ဖိုက်တာ ၂စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ​တော်လှန်​ရေးတပ်များက သေနတ်၊ဗုံးသီးများနှင့်စစ်သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။တိုက်ပွဲတွင်အထိနာသွား​သောစစ်တပ်သည် ထောက်ကြန့်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားမှု၊ လက်ရှိ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

“မင်းလှဒေသ စကစ တပ်မ ၉၉ ပိုးလို့ပက်လက်၊ ယနေ့ မင်းလှဘက်မှဒေသခံနဲ့ စကားပြောဖြစ်တယ်၊ အရင်နေ့တွေ့ကလဲ အလံဖြူထောင်ကြတဲ့ လူတွေ့ရှိပါသေးတယ်။အညာမြေက အညာကိုင်နေကြပြီ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မင်းလှတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး လူမှုကွန်ယက်၌ ရေးသားထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှလက်နက်ငယ် (၁၁)လက်၊ ကွန်မန်ဒိုပြောင်းတို (၁)လက်၊ ခဲယမ်းများနှင့် ဆက်စပ် စစ်သုံးပစ္စည်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက သိမ်းဆည်းရရှိခဲ့ဟု တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၁)တပ်ရင်း၊ (၃၈၀၁)တပ်ရင်း၊ (၃၈၀၂)တပ်ရင်း၊ (၃၈၀၃)တပ်ရင်းနှင့် ACDS (Asho Chin Defense Force) တပ်ဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်စစ်ကြောင်းများထပ်မံဝင်ရောက်လာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် မင်းလှမြို့နယ်အတွင်းရှိ ရွာပေါင်း (၂၁)ရွာမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

မင်းလှမြို့နယ်အတွင်းကို ပုသိမ်လေတပ်မှတက်သော ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ အခိုင်အမာ တူးထားကြရန်၊လေယာဉ်သံ နှင့် သတင်းများကို အဆက်မပြတ် သတိထားရန်၊ ရွာသားအချင်းချင်း ရိုင်းပင်းစောင့်ရှောက် ကူညီကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ လတ်တလော အခြေအ‌နေ လိုအပ်ချက် အရ ထုတ်ပြန်၊ဆောင်ရွက်မှုများတွင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကာကွယ်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားကြရန်၊လုံခြုံရေးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။