Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲ စစ်​ကောင်စီတပ် ရွာတစ်ရွာထပ်သိမ်းပြီး ၁ မိုင်ကျော် ​ရှေ့တိုးလာ

■စစ်​ကောင်စီတပ်သိမ်းနိုင်တဲ့ မဲပုတ်ရွာအနီး​ နောင်လင်ရွာနဲ့ နောင်ချိုမြို့ဟာ ၁၆မိုင်​ကျော်ကွာ​​ဝေး

ဧပြီ ၂၈၊၂၀၂၅။ ဒီဒီး/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ နောင်လင်ကျေးရွာကိုသိမ်းပိုက်ပြီး နောင်ချိုမြို့ဆီကို တစ်မိုင်ကျော်ရှေ့တိုးလာခဲ့ပါတယ်။

အမြောက်တပ်ရင်းတွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ တတိယပတ်မှာ တောင်းခမ်းကျေးရွာအနီးက မဲပုတ်ကျေးရွာကို သိမ်းပိုက်ရပြီးနောက် တစ်လအကြာမှာ မဲပုတ်ရွာကနေ (၁)မိုင်ကျော်ဝေးတဲ့ နောင်လင်ကျေးရွာကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

​တောင်းခမ်းနဲ့ (၆)မိုင်ပဲ​ဝေးတဲ့ မဲပုတ်ရွာကို သိမ်းပိုက်စဉ်က အဲဒီရွာရဲ့ တိမ်ပင်လယ်စခန်းကို သိမ်းပိုက်စဉ်က နောင်ချိုမြို့နားက တိမ်ပင်လယ်စခန်းကို သိမ်းရသယောင် ဝါဒဖြန့်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

နောင်ချိုမှာ တိမ်ပင်လယ်လို့ပြောလိုက်ရင် ပြည်သူအများစုသိတာက နောင်ချိုမြို့တောင်ဘက်နားက ကံကြီးကျေးရွာ အရှေ့ဘက် နောင်ချိုကြီးရွာနားက တိမ်ပင်လယ်ကိုပဲ​ အဓိကသိကြတာဖြစ်ပါတယ်။ အဲဒီ တိမ်ပင်လယ်ဟာ နောင်ချိုမြို့ခံတွေအပြင် ရပ်ဝေးက ပြည်သူတွေပါ လာရောက် ညအိပ်ခဲ့ကြတဲ့ နေရာဖြစ်ပါတယ်။

အခု စစ်တပ်သိမ်းတယ်ဆိုတဲ့ ​တောင်းခမ်းနဲ့နီးတဲ့ မဲပုတ်ရွာနားက ရွှေဧရာတိမ်ပင်လယ်တောင်ဟာ ဒေသခံတွေရော ရပ်ဝေးက ပြည်သူတွေပါ သွားလေ့ရှိတဲ့ တိမ်ပင်လယ် မဟုတ်ပါဘူး။ ဒါ့အပြင် အဲဒီ တိမ်ပင်လယ်နားက (၁)မိုင်ကျော်သာ ကွာဝေးတဲ့ နောင်လင်ရွာကို ထပ်မံသိမ်းရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နောင်ချိုဒေသမှာ ကျေးရွာနာမည်တွေက ရှုပ်ထွေးပါတယ်။ နောင်လင်ရွာကလည်း နောင်ချိုမြို့တောင်ဘက် ကပ်လျက်နားမှာ နောင်လင်ရွာဆိုပြီး ရှိပါသေးတယ်။ အဲဒီ နောင်လင်ကို ကံကြီးနောင်လင်လို့ ခေါ်ဝေါ်ပြီး အခု စစ်ကောင်စီတပ် သိမ်းရတဲ့ နောင်လင်က မဲပုတ်ရွာနားကဖြစ်လို့ မဲပုတ်နောင်လင်လို့ ဒေသခံတွေက ခေါ်ဝေါ်ကြပါတယ်။

” အခုလည်း နောင်လင်ရွာဆိုပြီး စိတ်ပူတာ။ ကံကြီးနောင်လင် မဟုတ်ဘူးဆိုတော့ တော်သေးတယ်”ဟု နောင်ချိုမြို့ခံ တစ်ဦးက ပြောပါတယ်။

အခု စစ်ကောင်စီတပ် သိမ်းရတဲ့ ကျေးရွာတွေက နောင်ချို − တောင်းခမ်းလမ်းပိုင်းရဲ့ ဘေးမှာ တည်ရှိတာ မဟုတ်ဘဲ လမ်းပိုင်းရဲ့ အရှေ့ဘက် အတွင်းပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ် ရောက်နေတဲ့ နောင်လင်ကျေးရွာဟာ နောင်ချိုမြို့နဲ့ (၁၆)မိုင်ကျော်ကွာဝေးပါသေတယ်။

တကယ်က စစ်​တပ်ဟာ ​တောင်းခမ်းနဲ့ (၆)မိုင်ကျော်ပဲ​ဝေးတဲ့ နောင်လင်အထိပဲ ​​​ရောက်​နေတာဖြစ်ပါတယ်။ စစ်တပ်လှုပ်ရှားနိုင်​သေးတာဟာ တောင်းခမ်းဒေသနားက နောင်လင်ရွာဖြစ်ပြီး မြို့နဲ့ ​ဝေး​​နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် တောင်းခမ်းဒေသမှာ စစ်ကောင်စီတပ်တွေ အသာရလာတာ၊ တော်လှန်ရေးတပ်တွေက အမြောက်တပ်ရင်းတွေကို ပိတ်ဆို့ထားရာကနေ ဆုတ်ခွာပေးလာရတာ ၊ နောင်ချိုမြို့နဲ့​ဝေး​သေး​ပေမယ့် မြို့ဘက်လာရာ လမ်းပိုင်းက မဲပုတ်ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာတာ​တွေက စိတ်ပူနေရတဲ့ အခြေအနေ​တော့ဖြစ်လာတယ်လို့ သူမက ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်က ပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာတာလို့ နောင်ချိုမြို့ခံ အမျိုးသားက သုံးသပ်ပါတယ်။မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လားရှိုးမြို့ ကိုးကန့်တပ်တွေက စစ်ကောင်စီကို ပြန်လည်ပေးအပ်ပြီးနောက်မှာလည်း စစ်ကောင်စီက တောင်းခမ်းဒေသကို ပိုမိုစစ်ရေးလှုပ်ရှားလာတယ်လို့ နောင်ချိုမြို့ခံ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို သိမ်းပြီးနောက် မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်း လေးခုအထိရှိနေတဲ့ တောင်းခမ်းဒေသတိုက်ပွဲဟာ ကိုးလ​ဝန်းကျင်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုးလ​တိုင် နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစောပိုင်းမှာတော့ တောင်းခမ်းဒေသက အမတ(၄၀၆)နဲ့ အမတ(၂၀၆) အမြောက်တပ်ရင်းနှစ်ခုကို ၂၀၂၄ သြဂုတ် ၂၈ရက်မှာ TNLA နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ အဲဒီနောက် ကျန်တပ်စခန်း နှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ ရှိတာပါ။

အဲဒီထဲက အမြောက်တပ်ရင်းနှစ်ခုကို သိမ်းပိုက်ပြီး ကျန်း တပ်ရင်း ၂ ခုကိုပိတ်ဆို့ထားတဲ့အ​ခြေအ​နေက​နေ ဒီနှစ်ဆန်းပိုင်းမှာပိတ်ဆို့ထားတာ​တွေကို ​တော်လှန်​ရေးတပ်​တွေက ပြန်ဖွင့်​ပေးလိုက်ရပါတယ်။ ဒါ​ပေမယ့် သြဂုတ်လကုန်ပိုင်းကတည်းကသိမ်းထားတဲ့ အမတ(၄၀၆)နဲ့ အမတ(၂၀၆)တို့ကို လက်ရှိအ​ခြေအ​နေကို​တော့ မသိရ​သေးပါဘူး။

နောင်ချိုနဲ့ တောင်းခမ်းဒေသတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ TNLAနဲ့ DPLAကို People’s Spring က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိ​သေးပါဘူး။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်အားပို့နေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။