Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံစား​နေရတဲ့ မန္တလေးမြို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးနေ

စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

ငလျင်တစ်လပြည့်သည့် နံနက်က မန္တလေးမြို့လယ် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ အဆောက်အအုံအား ရှင်းလင်းနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ − PS

မေ ၃၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

ငလျင်လှုပ်ခတ်အပြီးတစ်လကျော်အကြာ ပြိုကျပျက်စီးမှုတွေ ရှင်းလင်းရေးမပြီးသေးခင်မှာဘဲ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မနေ့(​မေ ၂) ညပိုင်းက စစ်မှုထမ်းစာရင်းမဲ ပေါက်ထားသူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ခေါ်ဆောင်တာတွေလုပ်ခဲ့လို့ လူငယ် ငါးဦးထပ်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအဖွဲ့ဟာ မေလ၂ရက် ည၁၀နာရီကျော်မှာ ပြည်ကြီးတံခွန်မြို့နယ်က သင်ပန်းကုန်းအ
ရှေ့(ညည)ရပ်ကွက်၊၄၉ လမ်း၊ ၁၂၀လမ်းအနီးမှာ စစ်ကား ငါးစီးနဲ့ ဧည့်စာရင်းစစ်တယ်ဆိုပြီး ရောက်လာတာလို့ သိရပါတယ်။

အဲဒီနောက် ဧည့်စာရင်းစစ်နေရင်း မဲနံပတ်စာရင်းပေါက်ထားသူတွေကို စစ်မှုထမ်းဖို့ဆိုပြီး တခါတည်းခေါ်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကြိုရှောင်ချိန်မရဘူးဗျ။သူတို့က ဧည့်စာရင်းစစ်ဆိုပြီး လာတာ။အေးအေး ဆေးဆေးပဲလို့ထင်တာ။အဲတာပြီးတော့မှာ နံပတ်၁ကနေ ၅လောက်အထိ မဲကျထားတဲ့သူတွေ ခေါ်တာလို့ ပြောတယ်။စာရင်းကအကုန်သူတို့ဆီရှိပြီးသားလေ။အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ကလူ တွေပါတော့ ဘယ်အိမ်ကဘယ်သူလည်းအကုန်သိပြီးသားလေ”လို့ သင်ပန်းကုန်းအရှေ့(ညည)ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

၎င်းနဲ့နီးစပ်ရာ လူတချို့အပါအဝင် တစ်ရပ်ကွက်ထဲမှာ ပြည်သူ ၅ဦးထပ်မနည်းဖမ်းဆီးခံလိုက်ရ ကြောင်းသိရပြီး အရေအတွက်အတိအကျကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူဖို့ မဲနှိုက်တာတွေကို မတ်လအတွင်းက မန္တလေးမြို့တစ်မြို့လုံးအတိုင်းအတာနဲ့ ပြုလုပ်ထားပါတယ်။

ယခုခေါ်ယူနေတဲ့ စစ်မှုထမ်းဟာ အပတ်စဉ်(၁၃)အတွက်လို့ သိရပြီး မတ်လအတွင်းက နှိုက်ထားတဲ့ မဲရလဒ်မှာ ၁ကနေ ၅အတွင်း နံပတ်ကျထားသူတွေကို ဖမ်းဆီးခေါ်နေတာ လို့သိရပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် မေလ ၁ ရက်အထိ စာရင်းအရ သေဆုံးသူ ၃,၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနဲ့ ပျောက်ဆုံးသူ ၁၀၅ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာဘဲ သေဆုံးသူ ၂,၀၀၀ကျော်ရှိတယ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။