Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ မဟာဓါတ်အားလိုင်း တိုင်တွေကျိုးလို့ မြို့နယ်လေးခု လျှပ်စစ်မီးပြတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မဟာဓါတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးလို့ ပခုက္ကူအပါအဝင် မြို့နယ်လေးခုမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုးသွားသော မဟာဓာတ်အားလိုင်း တိုင် နှစ်တိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ-PKU EPC

မေ ၄၊၂၀၂၅။ ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မဟာဓါတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးလို့ ပခုက္ကူအပါအဝင် မြို့နယ်လေးခုမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မေလ ၃ရက် ညပိုင်းကစပြီး ပခုက္ကူ၊ ရေစကြို၊ ကမ္မနဲ့ မြစ်ခြေမြို့နယ်တွေမှာ မြို့ပေါ်အပြင် ကျေးရွာတွေမှာပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီးက ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးသွားတာကြောင့် ပြုပြင်နေပြီး ခန့်မှန်းကြာချိန် (၁၀)ရက်ကျော်နိုင်တယ်လို့ ပခုက္ကူလျှပ်စစ်ရုံးက အသိပေး ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဘာကြောင့် ဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးသွားတယ်ဆိုတာကိုတော့ ပခုက္ကူလျှပ်စစ်ရုံးက အသိပေးခြင်းမရှိပါဘူး။

“လေလည်းဘာလည်း မတိုက်ဘဲ ကျိုးသွားတာ။”လို့ ပခုက္ကူဒေသခံတစ်ဦးက ဆိုပါတယ်။

တမြို့လုံး မီးပြတ်သွားလို့ သောက်သုံးရေကအစ ခက်ခဲနေတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့မှာ ဓာတ်အားတိုင်မကျိုးခင်က ၃နာရီလာ ၅ နာရီပြတ်စနစ်နဲ့ လျှပ်စစ်မီးပေးဝေနေပြီး ရာသီဥတုပူပြင်းတာကြောင့် လျှပ်စစ်မီးကို ပိုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

သတင်း

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Facebook