Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လျှပ်စစ်မီးပေးမှု အချိန်ပိုင်းစနစ်ပြန်ဖြစ်

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တစ်နေရာအား ညပိုင်းအချိန်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေးမြို့က မြို့နယ် ၇ မြို့နယ်လုံးမှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်ကစတင်ပြီး အချိန်ပိုင်း လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှာ​ဖြစ်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးက အသိပေးကြေညာပါတယ်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့်ဇယားအရ A နဲ့ B ဆိုပြီး အုပ်စုခွဲထားမှာဖြစ်ပြီး ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့လျှင် စုစုပေါင်း ၁၂ နာရီ သာ လျှပ်စစ်မီး ရရှိတော့မှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့ကို လျှပ်စစ်ဓါတ်အားပေးဝေမှု ထက်ဝက် လျှော့ချလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ပြောတော့ ခွဲတမ်းဆိုပြီး မီးဖြတ် ချင် သလိုဖြတ်နေတာ။ ပေးတာ အချိန်လဲမမှန်ဘူး။ သူတို့ စာထုတ်ထားသလို ဘယ်အချိန်လာမယ်ဆိုပြီး လာမယ့်အချိန်ကျ မနေ့ညထဲကပျက်နေတာ။ အခုမနက်ထိပဲ”လို့ ချမ်းအေးသာဇံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ မတ်လက တစ်ရက် ၈ နာရီ မီးဖြတ်ခဲ့ပေမယ့် ယခု နွေရာသီမရောက်သေးတဲ့အချိန်မှာပဲ နွေရာသီထက်ပင် ပိုမိုဖြတ်တောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ အယ်နီညိုကြောင့် မန္တလေးမြို့မှာ ရာသီဥတု ပူပြင်းနေချိန် လျှပ်စစ်မီး ပိုဖြတ်တာကို မြို့ခံတွေ ဝေဖန်နေကြပါတယ်။

​လက်ရှိမှာ နိုင်ငံအနှံ့အပြား လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၂၁ မိုင်အနီး ဗဟိုပြုပြီး အင်အား ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာနဲ့ ယာဥ်တွေ လမ်းချော်တိမ်းမှောက်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။