Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ငလျင်လှုပ်၊ အထပ်မြင့်တွင်နေသူအချို့ လမ်းမပေါ်ပြေးဆင်း

လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီးဗဟိုပြု၍ ရစ်ချ်တာစကေး ၃.၇ ရှိ​သောငလျင်လှုပ်ခြင်းဖြစ်

ယနေ့ည ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်၍ ကြောက်လန့်ကာ လမ်းမပေါ်ထွက်နေကြသူများ။ ဓာတ်ပုံ − CJ

‌မေ ၆၊၂၀၂၅။နေ့သစ်/People’s Spring

ရန်ကုန်မြို့၌ ယနေ့(aမေ ၆ရက်) ည ၁၀နာရီ ၅၆ မိနစ်တွင် ငလျင်လှုပ်ခတ်သွားပြီး စမ်းချောင်း၊ လှိုင်မြို့နယ်အပါအဝင် မြို့နယ်အချို့ အထက်မြင့်တိုက်ခန်းနေထိုင်သူများ လမ်းမပေါ်ပြေးဆင်းခဲ့ကြသည်။

ငလျင်သည် ည ၁၀နာရီခန့်က တစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ၁၀နာရီ ၅၆ မိနစ်တွင် လှုပ်သောငလျင်မှာ သိသိသာသာခံစားလိုက်ရ၍ လမ်းမပေါ်သို့ ထွက်နေခြင်းဖြစ်ကြောင်း စမ်းချောင်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့ထဲမှာလည်း လှုပ်တယ်တဲ့။ ၁၅ လမ်း ၊ ၁၇ လမ်း လူတွေအများကြီးပဲတဲ့။ ဒီညတော့ မအိပ်ရဲ‌တော့ဘူး။”ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“မစိုးရိမ်တိုက်တုန်းကတောင် ပထမတစ်ခါလှုပ်ပြီးတော့ ဆင်းပြေးရင်မှီတာကို ဆက်ထိုင်နေကြတာ ။အသက်ကိုဉာဏ်စောင့်တဲ့။ ကံလည်းပါတာပေါ့”ဟု လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်မှာ တစ်ချက်တည်းလှုပ်ခတ်ခြင်းဖြစ်သော်လည်း တိုက်အမြင့်ပေါ်တွင် နေထိုင်သူများစိုးရိမ်ထိတ်လန့်ကာ ‌တိုက်အောက်သို့ ဆင်းနေကြသည်ကို တွေ့ရသည်။

လူအများစုသည် အရေးပေါ်အထုပ်များပြင်ဆင်ထားကာ တိုက်အောက်သို့ဆင်းနေကြခြင်း ဖြစ်သည်။

ည ၁၀နာရီ ၅၅ မိနစ်အချိန်ခန့်တွင် လှုပ်ခတ်​သောငလျင်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီ

တာ (၆ မိုင်​ကျော်)ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၇ ရှိ​သောအင်အားအနည်းငယ်ရှိသည့် မြေငလျင်ဖြစ်​ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) ကထုတ်ပြန်သည်။

ထို့အပြင် ည ၉ နာရီ ၄၀ မိနစ်အချိန်ကလည်းအဆိုပါနေရာအနီး၌ပင် ရစ်ခ်တာစကေး ၂.၉ အဆင့်နှင့် ငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု​အသိ​ပေးထားသည်။

ယေဘုယျအားဖြင့် ရစ်ခ်တာစကေး၄နှင့်အထက်ငလျင်များသည် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်

လည်း ရန်ကုန်တိုင်းအတွင်းလှုပ်ခတ်သည့် ငလျင်ငယ်များအတွက်အများပြည်သူ စိုးရိမ်ပူပန်မှုများရှိခြင်းကြောင့် သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်ဟု​ဖော်ပြထားသည်။ထိုအပြင် မြေငလျင်တိုင်းတာစက်များနှင့် ငလျင်ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်​ကြောင်းလည်းသိရသည်။

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့​သော စစ်ကိုင်းငလျင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ယင်းငလျင်၏နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADMက သတိ ပေးထားသည်။

ရန်ကုန်မြို့အနီးတွင် ငလျင်ပြတ်ရွေ့အချို့ရှိပြီး ‌ဒေဒရဲ့ပြတ်ရွေ့လှုပ်ရှားပါကလည်း ရန်ကုန်တွင်လည်း မြေလွှာလှုပ်ရှားမှုရှိသည်။

ထို့အပြင် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းဟု ဘူမိဗေဒပညာရှင်များက သတ်မှတ်ထားသည့် ပဲခူးမြို့အနီးတွင် ငလျင်လှုပ်ရှားပါက ရန်ကုန်တွင်လည်း သတိပြုရန်လိုအပ်သည်ဟု ပညာရှင်များကသတိပေးထားသည်။ ရန်ကုန်တွင် ယနေ့ညလှုပ်သည့်ငလျင်နှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်​ကျော်)အကွာကိုဗဟိုပြု၍ ​မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်ရာ မန္တ​လေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်း​ပေါ်ထွက်​ပြေးခဲ့ကြရသည်။

သတင်း

ဒီနေ့ (မေလ ၁၇ ) ညနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့မှာ နောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လက်ပံပင်လဲကျပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။