Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စစ်ကြောင်းတစ်​ကြောင်းပျောက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းလိုက် ပျက်စီးကာဆုတ်ခွာထွက်ပြေးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

​တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှ AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info desk

​မေ-၇၊၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းလိုက် ပျက်စီးကာဆုတ်ခွာထွက်ပြေးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ကျောက်ဖြူမြို့နယ်မင်းတပ်တောင် နှင့် လိပ်ခမော်ရွာအနီးတွင် မေလဆန်းမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းရော ရေတပ်မှပါ ပစ်ခတ်နေသည်ဟုသိရသည်။

“မင်းတပ်တောင်က စစ်တပ်ရဲ့အဓိကစခန်းပဲ။ အဲ့ဒီစခန်းကနေစစ်ကြောင်းထွက်လာလို့ တိုက်ပွဲစဖြစ်တာပေါ့။တပ်မ(၉၉)ရဲ့စစ်ကြောင်း AAရဲ့ ဝိုင်းပတ်ပိတ်ဆို့တာခံရပြီး အဆက်အသွယ်ပြတ်သွားတယ်လို့ သတင်းတွေရတယ်။ သေနတ်သံတွေကတော့ ညဘက်တွေဆို မြို့ပေါ်ကနေတောင်ကြားနေရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လိပ်ခမော်ရွာအနီးမှစခန်းကိုလည်းAAက သိမ်းယူလိုက်ကြောင်းသတင်းများထွက်ပေါ်နေသည်။ သို့သော် လူထု​​နွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင်AA ကကျောက်ဖြူ၊မာန်အောင်၊ စစ်တွေမြို့တို့ကိုသာ သိမ်းပိုက်ရန်ကျန်ရှိ​တော့ပြီးကျောက်ဖြူနှင့်စစ်တွေမြို့သိမ်းတိုက်ပွဲကို ၂၀၂၅ ဖေဖော်ဝါရီလမှစ၍အရှိန်မြှင့်ခဲ့သည်။ပြီးခဲ့သည့်

မတ်လလယ်အထိကျောက်ဖြူမြို့အနီး ၅မိုင်ခန့်အကွာတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး AAက ဓညဝတီရေတပ်ဌာနချုပ်အနီး ကင်းစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

မတ်လ၂၈ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဧပြီလ (၁) ရက်နေ့မှစတင်ပြီးတစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် AA၏ ထိုးစစ်များလည်းရပ်တန့်ခဲ့သည်။ သို့သော် ဧပြီလ၂ရက်မှစတင်ကာ အပစ်ရပ်ကြေ

ညာခဲ့သည့်စစ်ကောင်စီက ​လေ​ကြောင်းမှ ဗုံးကြဲခြင်း စစ်​ကြောင်းထိုးခြင်းများပြုလုပ်၍ အမှန်တကယ်အပစ်ရပ်ခြင်းမရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့်ဧပြီလ (၂) ရက်နေ့ နှင့် ထိုရက်မတိုင်မီကလည်း ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ AAတပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကိုနေ့တိုင်း ဆက်တိုက်ပြုလုပ်နေခဲ့သည်ဟု AA က ဧပြီလ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မေလကုန်အထိအပစ်ရပ်စဲကြောင်း ထပ်မံ ကြေညာထားသည်။

စစ်ကောင်စီကလည်း မေလ ၆ ရက်မှမေလ ၃၁ အထိကို အပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဒေသများကို လေကြောင်းမှဗုံးကြဲနေဆဲဖြစ်သည်။

AAသည် အပစ်ရပ်မကြေညာခင်က ကျောက်ဖြူ၊စစ်တွေမြို့သိမ်းတိုက်ပွဲအပြင် ရခိုင်ပြည်နယ်နှင့်အစပ်ဖြစ်​သော ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းမှ စစ်ကောင်စီစခန်းအချို့ကို ​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ တပ်ကလည်းလေကြောင်းတိုက်ခိုက်မှုများကိုအဓိကအသုံးပြုပြီးတိုက်ပွဲများဆက်တိုက်ဖြစ်ပွားသည်။ AAက ဧပြီလ ၅ရက်နောက်ပိုင်း တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။