Connect with us

Hi, what are you looking for?

သတင်း

စစ်မြေပြင်၌ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် KIA ရဲဘော်စုံတွဲများကို KIOက မင်္ဂလာပွဲကျင်းပပေး

စစ်ကောင်စီကို တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်သုံးဦး၏ မင်္ဂလာပွဲကို စုပေါင်း၍ အခမ်းအနားကျင်းပခဲ့သည်ဟု KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

KIA ရဲဘော်စုံတွဲများကို KIOက မင်္ဂလာပွဲကျင်းပပေးနေစဉ်။ ဓာတ်ပုံ - The Kachin Net

မေ ၈၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီကို တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်သုံးဦး၏ မင်္ဂလာပွဲကို စုပေါင်း၍ အခမ်းအနားကျင်းပခဲ့သည်ဟု KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

အဆိုပါ မင်္ဂလာ အခမ်းအနားကို KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီး ဆွတ်မုန်အောင် ကျေးရွာ၌ မေလ ၇ရက်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KIO/KIA၏ ကချင်ဘာသာဖြင့် သတင်းဖော်ပြချက်၌ အသိပေးထားသည်။

KIA ရဲဘော်စုံတွဲများကို KIOက မင်္ဂလာပွဲကျင်းပပေးနေစဉ်။ ဓာတ်ပုံ – The Kachin Net

မင်္ဂလာပွဲ အခမ်းအနားကို KIO အစိုးရ၏ မသန်စွမ်းကူညီစောင့်ရှောက်ရေး ကော်မတီက တာဝန်ယူ ကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

” အခုလောလောဆယ် မနေ့က စုံတွဲ သုံးတွဲပါ။ မနေ့က သတင်းဖော်ပြချက်မှာ။ ကချင်ရေးထားတဲ့အထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃မှာလည်း ဒီလို ရှေ့တန်း စစ်မြေပြင်မှာ ကိုယ်လက်အင်္ဂါပေးဆပ်သွားတဲ့ ရဲဘော် ၆တွဲကို KIOဘက်က တာဝန်ယူပြီးမှ မင်္ဂလာဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သူက ရေးသားထားပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

“အခုလို အာဏာရှင်စစ်ကောင်စီကို တိုက်ထုတ်တဲ့နေရာမှာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ရင်းနဲ့ ခန္ဓာကိုယ်တစိတ်တပိုင်းတချို့ ပေးလှူသွားတဲ့ ရဲဘော်တွေကို အိမ်ထောင်ပြုရဲတဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက် ချရဲတဲ့ ဒီလို ကချင်မျိုးချစ် အမျိုးသမီးတွေကိုကျတော့ ပြည်သူလူထု အများစုက ကျေးဇူးတင်ကြောင်း ချီးမွမ်းစကားတွေ အဖက်ဖက်ကနေပြောဆိုနေကြောင်းသိရှိရပါတယ်။ ဒါလည်းအင်မတန်မှ လေးစားဖို့ကောင်းတဲ့စိတ်ဓာတ်တွေပါ။ အခုလိုခန္ဓာကိုယ် အစိတ်အပိုင်း မသန်စွမ်းတဲ့ ရဲဘော်နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ရဲတဲ့ အမျိုးသမီးတွေကို ကျနော်တို့လည်းလေးစားပါတယ်။ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်”ဟု ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ဆက်လက်ပြီးလည်း ဒဏ်ရာရ ရဲဘော်မိသားစုများ၏ အနာဂတ် စားဝတ်နေရေး စီးပွားရေး၊ ကလေးများ၏ ပညာရေးများကိုလည်းKIO အစိုးရက ထိရောက်စွာကူညီပေးစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

ယခင်ကလည်း KIOအနေဖြင့် KIA တပ်ဖွဲ့ဝင်များ၏ စုံတွဲများကိုစုပေါင်းပြီး မင်္ဂလာပွဲအခမ်းအနား ကျင်းပခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။