Connect with us

Hi, what are you looking for?

သတင်း

ညီနောင်သုံးဖွဲ့ တဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက နောင်ချိုတွင် ထိုးစစ်ဆင်နေဟု TNLA ထုတ်ပြန်

ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် တဖက်သတ် အပစ်ရပ်ထားသော်လည်း တအာင်းတပ်မတော်(TNLA) နယ်မြေ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲအတွင်း တွေ့ရသော TNLAရဲဘော်များ။ ဓာတ်ပုံ - TNLA

မေ ၈၊၂၀၂၅။ထားမြတ်/People’s Spring

ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် တဖက်သတ် အပစ်ရပ်ထားသော်လည်း တအာင်းတပ်မတော်(TNLA) နယ်မြေ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

TNLA၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့က ငလျင်ဘေးကြောင့် ဧပြီ ၁လလုံး တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး မေလကုန်အထိ ထပ်မံ သက်တမ်းထိုးခဲ့သည်။

စစ်ကောင်စီကလည်း မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင့် ကြေညာခဲ့သော်လည်း ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်လုပ်နေကြောင်း TNLAက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မေလ ၇ရက်နံနက်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အလားတူ မေလ ၇ရက် မွန်းလွဲ ၁၂နာရီခွဲတွင်လည်း TNLA ရှိရာ ထပ်မံထိုးစစ်ဆင်လာ၍ ယာပြင်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၅ရက်နှင့် ၆ရက်တွင်လည်း တအာင်းတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဖော့တော့ကျေးရွာအနီးရှိ ဂိတ်တွင်လည်း မေလ ၇ရက် ညနေပိုင်း၌ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေယာဉ် ဗုံးကြဲခဲ့ပြီး စစ်ကောင်စီတပ်စခန်းကိုလည်း Y-8လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ (၈၅)ထုတ် လာရောက်ပစ်ချပေးခဲ့သည်ဟု အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်သည်။

TNLAသည် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် စစ်ကောင်စီ နှင့် အပစ်ရပ်စဲနိုင်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ဟု TNLAက အသိပေးသည်။

စစ်ကောင်စီက TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်များမှ TNLA တပ်များ ဆုတ်ခွာပေးရန် တောင်းဆိုထားသည့် အခြေအနေတွင် TNLAက လက်ရှိ ရောက်ရှိရာ နေရာ၌ တပ်များ ရပ်ထားရန်၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ မလုပ်ရန်၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပြုရန် အဆိုပြုထားသည်။

TNLA အနေဖြင့် စစ်ကောင်စီ၏ တောင်းဆိုချက်ကို လိုက်လျောပေးရန် လတ်တလော မရှိသေးကြောင်း ပြောကြားထားသည့်အပြင် စစ်အာဏာရှင် စနစ်မချုပ်ငြိမ်းသရွေ့ စစ်ပွဲ၊ အပစ်ရပ်စဲရေး သံသရာ လည်နေမည်ဖြစ်၍ စစ်အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲ ဆက်လက်ဖော်ဆောင်ကြရမည်ဟု အဖွဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက မေလ ၄ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံက ကြားဝင်ပေးသော်လည်း မြန်မာအရေးကို မြန်မာနိုင်ငံသားများသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် တည်ငြိမ်မှုရရှိရေးသာ ချဉ်းကပ်နေပြီး မြန်မာ လူထုက ဒီမိုကရေစီ အစိုးရထံ အာဏာသိမ်းသည့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး နိုင်ငံပြန်လည်ထူထောင်ရေး ဖော်ဆောင်ရန် ချဉ်းကပ်လျက်ရှိဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။ထို့ကြောင့် ချဉ်းကပ်မှု ပုံစံမတူ၍ အဖြေရှာသည့် ပုံစံလည်းကွဲပြားနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတားပန်လက ရှင်းလင်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။