Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ထီးခီးဗျူဟာစခန်းကို KNLA ဦး​ဆောင်​သောပူးပေါင်းတပ်သိမ်းပိုက်

မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီတပ်စခန်းကို ​ယ​နေ့ (မေလ ၉ရက်) မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် Force for Federal Democracy(FFD) က အသိပေးထုတ်ပြန်သည်။

KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က ထီးခီး ဗျူဟာကို တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-FFD

​မေ၉၊၂၀၂၅။ထားမြတ်၊က​ဖေး/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီတပ်စခန်းကို ​ယ​နေ့ (မေလ ၉ရက်) မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် Force for Federal Democracy(FFD) က အသိပေးထုတ်ပြန်သည်။

ထီးခီးစစ်ကောင်စီစခန်း နှင့် မိုင်အနည်းငယ်ကွာသည့် ထီးထ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို KNLAတပ်မဟာ (၄) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဧပြီ ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရက်ပေါင်း ၂၀ ခန့်အကြာတွင် နယ်စပ်တလျှောက်အရေးပါသည့် ထီးခီးစခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ထီးထဗျူဟာ ကျပြီးတဲ့နောက်မှာ ကျနော်တို့ ထီးခီးစခန်းကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထီးခီးစခန်းဟာ ရန်သူ့အင်အား ၁၅၀ ခန့်ရှိပြီးတော့ တပ်ရင်း(၂၅) တပ်ရင်းမှူး ထိုင်တဲ့ စခန်းဖြစ်ပါတယ်။ ထီးခီးစခန်းကို ဒရုန်းပစ်ကူ၊ ၁၂၀ လက်နက်ကြီးပစ်ကူ အားကောင်းကောင်းနဲ့ ကျနော်တို့ ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ ဘာလို့ ခက်ခက်ခဲခဲ ကျနော်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရလဲဆိုတော့ ထီးခီးစခန်းရဲ့ လေးပုံ သုံးပုံလောက်က ထိုင်းနိုင်ငံထဲမှာရှိနေတယ် ထိုင်းနိုင်ငံထဲ ဝင်နေတဲ့ အနေအထားမှာရှိတယ်။ နယ်စပ်စည်းမျဉ်းပေါ်မှာရှိတယ်” ဟု FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထိုင်းနိုင်ငံ၏ ဖိအား ကြုံရသကဲ့သို့ စစ်ကောင်စီတပ်ကိုလည်း ထိုင်းဘက်က ကူညီပေးမှုများ ရှိခဲ့ဟု ၎င်းကပြောသည်။

“ထိုင်းနိုင်ငံက အခုကျသွားတဲ့ ထီးခီးစခန်းအတွက် အကူအညီပေးခဲ့တာရှိတယ်။ မီးစက်တွေတင်ပေးတာရှိတယ်။ ဆီတွေတင်ပေးတာရှိတယ်။ ထွက်ပြေးသွားတဲ့ ရန်သူ့စစ်သားတွေကို ပြန်မောင်းတင်တာမျိုးတွေရှိခဲ့ပါတယ်” ဟုကိုအောင်အောင်က ပြောသည်။

စစ်ကောင်စီကလေကြောင်းမှအင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့သည့်ကြားမှ ​တော်လှန်​ရေးတပ်များသိမ်းပိုက်နိူင်ခဲ့ခြင်းဖြစ်သည်။

“ထီးခီးစခန်းကို ရန်သူကဟယ်လီကော်ပတာ လေးစီးနဲ့ အင်အားလာချပါတယ်။ အဲဒီမှာဆိုရင်လက်နက်ကြီး ၁၂၀တွေပါတယ်။ ဒါပေမဲ့ လက်နက်ကြီး ၁၂၀ ကို သူတို့ အသုံးပြုလို့မရအောင် ဒရုန်းတွေ ကျနော်တို့ဘက်ကလက်နက်ကြီးပစ်ကူတွေက လက်ဦးမှု ရယူပြီး တော့ အကောင်းဆုံးဖျက်ဆီးနိုင်ခဲ့တဲ့အတွက် သူတို့ ၁၂၀တွေလုံး၀ အသုံးပြုလို့ မရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်” ဟု ကိုအောင်အောင်က ပြောသည်။

ဧပြီလက ထီးထဗျူဟာကို သိမ်းပိုက်စဉ် စစ်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကျော်ကျော်ဟန်က က KNU တပ်မဟာ(၄)နယ်မြေဧရိယာကို အမှုန့်ချေမည်ဟု ကြုံးဝါးခဲ့သည်ကို ကြားရအောင်း ၎င်းက ပြောပြသည်။

“ဒါကြောင့်လည်း ထီးခီးစခန်းကို ကျနော်တို့ တိုက်ခိုက်တဲ့အခါမှာဟယ်လီကော်ပတာလေးစီးနဲ့ အင်အားတွေ လာချပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အမှုန့်ကြေသွားတာက သူ့ရဲ့ထီးခီးစခန်းပဲဖြစ်ပါတယ်” ဟု FFD ဒုတာဝန်ခံက ပြောသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ထီးခီးဗျူဟာစခန်းကို မတက် ၉နာရီတိတိတွင် သိမ်းယူနိုင်ခဲ့​ကြောင်းအတည်ပြုသည်။

KNU/KNLA ထားဝယ်ခရိုင်တပ်မဟာ(၄)နယ်မြေရှိ ထီးခီးစခန်းကို KNU/KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ် တပ်ပေါင်းစုများ၊ FFD ချေမှုန်းရေး နှင့် ဒရုန်းတပ်ဖွဲ့၊ KNLA (သ၀ခ) ဒရုန်းအဖွဲ့၊ တပ်မဟာ(၄) ဒရုန်းအဖွဲ့နှင့် TPLF ဒရုန်းအဖွဲ့တို့မှ ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု ဖော်ပြထားသည်။

“ကျနော်တို့ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ရန်သူတွေက ဒရုန်းတွေမလာနိုင်အောင်အကာအကွယ်ကောင်းကောင်းတွေ ဂျန်ဘာ ကောင်းကောင်းတွေ တပ်ဆင်ထားတဲ့အတွက် ဒရုန်းများစွာ တော့ အပျက်အစီးရှိခဲ့တယ်။ သို့ပေမယ့် ဒရုန်းတွေအပျက်အစီးခံပြီး ရအောင်တိုးပြီး လုပ်ခဲ့ရတာဖြစ်ပါတယ်”ဟု FFD ဒုတာဝန်ခံ က စခန်းသိမ်းတိုက်ပွဲ ခက်ခဲစွာ ဆောင်ရွက်ခဲ့ရမှု အခြေအနေကို ပြောပြသည်။

ထီးခီးစခန်းအား တိုက်ခိုက်သည့် မှတ်တမ်းရုပ်သံကိုလည်း FFDက ဖော်ပြခဲ့ရာ စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှုများကို တွေ့ရသည်။

“နှစ်ဖက်အကျအဆုံး၊သိမ်းဆည်းရမိတွေကို အတည်မပြုနိုင်သေးပါဘူးခင်ဗျာ” ဟု FFD ဒုတာဝန်ခံ ကိုအောင်အောင် က ထီးခီးစခန်း သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းမိခြင်းရှိမရှိနှင့် လက်နက်ခဲယမ်း သိမ်းရမရ အခြေအနေမေးမြန်းချက်အပေါ် ဖြေကြားသည်။

ထီးခီးစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်စဉ် ထီးခီးစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀ကျော်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း KNU/KNLA တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောထားသည်။

KNLA၊KNDOနှင့် PDF ပူးပေါင်းတပ်များသည် ဧပြီလ တတိယပတ်တွင် ထီးခီးဒေသနှင့်ဆက်စပ်နေသည့် ထီးထဗျူဟာစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ထီးခီးစခန်းကို ထပ်မံသိမ်းယူခြင်းဖြစ်သည်။

” ကိုကိုသိမ်းနိုင်တို့ကတော့ သိမ်းပြီးရင်းသိမ်းပါပဲ”ဟု ဒေသတွင်းမှ PDF ရဲမေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။