Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်တပ်အရာရှိအပါအဝင် လေးဦးသေဟု PDF ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗျူဟာ (၃၃)၊ ဒေါနတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဒေါနတပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနတပ်ရင်း

မေ-၁၁၊ ၂၀၂၅။ ထင်လင်း/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဗျူဟာ (၃၃)၊ ဒေါနတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မေလ ၁၀ရက်)နံနက် ၁၀နာရီခန့်က ရေးမြို့နယ်၊ လမိုင်းမြို့ဘက်မှ အမတ (၃၁၇)တပ်ရင်းမှ ဗိုလ်ကြီး ရဲမင်းထွဋ်ဦးစီးအဖွဲ့၊ ခလရ(၁၀၆)တပ်ရင်းမှ ဒုအရာခံဗိုလ် နေမျိုးထိုက်အဖွဲ့နှင့် ခမရ(၅၈၈)တပ်ရင်းမှ ဗိုလ်ကြီးမျိုးမင်းဦးတို့ပါဝင်သော ပူးပေါင်းအင်အား ၈၀ ကျော်ပါစစ်ကြောင်းအား ကူးတို့ဆိပ်နှင့် ကားဆိပ်ကျေးရွာကြား ကော့ချကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် လမိုင်းမြို့ဘက်မှ ကူးတို့ဆိပ်ရွာသို့ ကားများဖြင့်လာရောက်ပြီး ကူးတို့ဆိပ်မှတဆင့် ကားဆိပ်ကျေးရွာဘက်သို့ လှေဖြင့်ကူးစဥ် ဗျူဟာ(၃၃)ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲနှင့် KNLA တပ်ရင်း၂၇ လက်အောက်ခံ တပင်ရွှေထီးအဖွဲ့ပါဝင်သော ပူးပေါင်းစစ်ကြောင်းမှ ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရန်သူ စကစဘက်မှ ထိခိုက်​​မှုမှာ စုစုပေါင်းခြောက်ယောက်လို့ သိရပါတယ်။ ထိခိုက်ခြောက်ဦးအနက် ကျဆုံးတစ်ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကြဆုံးတစ်ဦးမှာ တပ်ရင်းမှ(၁၀၆) ဗိုလ်လေး​လို့ သိရပါတယ်။ ရန်သူကျဆုံးဗိုလ်လေးက ပထမ စံပြစခန်းမှာ နေထိုင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်”ဟု ဒေါနတပ်ရင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ခလရ(၁၀၆)တပ်ရင်းမှ ဒုအရာခံဗိုလ်သည် လက်မောင်းမှတဆင့် နှလုံးသို့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် လမိုင်းဆေးရုံသို့ ပြန်လည်သယ် ဆောင်သွားစဥ် သေဆုံးခြင်းဖြစ်ပြီး အခြားဒဏ်ရာရသူ ငါးဦးအနက် သုံးဦးမှာ ဆေးရုံ၌ထပ်မံသေဆုံး၍ စစ်ကောင်စီဘက်မှ စုစုပေါင်းလေးဦးသေဆုံးကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီဘက်မှ လမိုင်းဆေးရုံကို လုံခြုံရေးတင်းကြပ်ထားသည့်အပြင် ကားဆိပ်ကျေးရွာအပါအဝင် အနီးဝန်းဘကျင်ကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒေသသ တင်းရင်းမြစ်များက ပြောသည်။

ရေးမြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ရေးဖော်ဆောင်လျှက်ရှိရာ ၂၀၂၄ မေလ ၂ ရက်ကလည်း အထက်ပါ ကူးတို့ဆိပ်ရွာအနီး၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်ကို တပင်ရွှေထီးစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

Facebook