Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးအ​ကြောင်းပိုသိရန် ဒရုန်းဖြင့်အချက်အလက်စု​ဆောင်းရန် စစ်ကောင်စီခွင့်မပြုဟု ဘူမိအသင်းဥက္ကဌ ပြော

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး အပျက်အစီးများ နှင့် ငလျင်ကြီး အ​ကြောင်း ပိုမိုသိရှိနိုင်ရန် ဒရုန်းအသုံးပြု၍စစ်တမ်း​ကောက်ယူ (Drone Survey)မည့်အပေါ် စစ်ကောင်စီက ခွင့်ပြုမပေးကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌ ဒေါက်တာစုံဟန်က ​ပြောသည်။

မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးကြောင့် လမ်းပိုင်းတစ်ခု ပြတ်ရွေ့ဖြစ်သွားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nyo Min/FB

မေ ၁၁၊၂၀၂၅။ရဲခေါင်/People’s Spring

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး အပျက်အစီးများ နှင့် ငလျင်ကြီး အ​ကြောင်း ပိုမိုသိရှိနိုင်ရန် ဒရုန်းအသုံးပြု၍စစ်တမ်း​ကောက်ယူ (Drone Survey)မည့်အပေါ် စစ်ကောင်စီက ခွင့်ပြုမပေးကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌ ဒေါက်တာစုံဟန်က ​ပြောသည်။

မေလ ၁၀ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ငလျင်ကြီးလှုပ်ခတ်မှုအပြီးနောက်ပိုင်း ကနဦးလေ့လာတွေ့ရှိမှုများ တင်ပြဆွေးနွေးပွဲ၌ ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု မတ်လ ၂၈ ရက်မှာ လှုပ်တဲ့ငလျင်က တော်တော်ကိုပြင်းထန်ပါတယ်။တကယ့်ကို အပျက်စီးဆုံးအပြင်းထန်ဆုံး တွေ့ရှိခဲ့ရတာပါ။ပညာရပ်အရ လေ့လာရမှာ အများကြီးရှိပါတယ်။ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ်ခတ်တဲ့အပိုင်းတွေကို လေ့လာရပါတယ်မပျောက်ပျက်ခင်။တွေ့ရှိချက်တွေအရ ဆက်ပြီးလုပ်ရမယ့်အပိုင်းတွေအများကြီးရှိပါတယ်။ကျွန်တော်တို့လုပ်ချင်တာက တကယ်လို့များ Drone Servey လုပ်လို့ရခဲ့ရင် တကယ့်ကို ဖြစ်ပျက်ခဲ့တဲ့ ငလျင်အကြောင်းကို သေချာသိနိုင်အောင် လုပ်နိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာစုံဟန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငလျင်ပြတ်ရွေ့ဖြစ်နေသော စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အထက်ပိုင်းမှ ပဲခူးတိုင်း ပဲနွယ်ကုန်းအထိ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

“ဘာလို့လဲဆိုတော့ဒီဥစ္စာက ကျွန်တော်တို့ တိုင်းလို့ရတဲ့အချိန်မတိုင်ခင် အထိ တိုင်ရမှာဖြစ်တယ်။ဒီမှာဖွင့်ပြောတာလည်းသက်ဆိုင်ရာ အာဏာပိုင်တွေသိအောင် ဖွင့်ပြောတာဖြစ်ပါတယ်။လုံခြုံရေးအရ တိုင်းခွင့်မပြုတာရှိပါတယ်။အဲဒီအပိုင်း တွေချန်ထားပြီး ကျန်တဲ့အပိုင်းတွေတိုင်းလို့ရအောင်ကျွန်တော်တို့ကြိုးစားပါ့မယ်။အဲဒီလိုတိုင်းမှပဲ ဖြစ်ပျက်ခဲ့တဲ့ငလျင်ရဲ့ အက်ကြောင်းတွေ၊မြေအနိမ့်အမြင့် တွေ။ဒါကျွန်တော်တို့ဘူမိဗေဒ ပညာရပ်အတွက် အခွင့်အရေးမလို့ပါ”ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌက ငလျင်ပြတ်ရွေ့တိုင်းတာရ မည့်အခြေအနေကိုရှင်းပြသည်။

အဆိုပါအခြေအနေအတွက် စစ်ကောင်စီကို ထပ်မံတင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးမောင်ဌေးကလည်း ယမန်နေ့ ဆွေးနွေးပွဲတွင် ပြောသည်။

“Drone Serveyကို ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို အကူအညီတောင်းလိုက်ပြီး အကျိုးသင့်အကြောင့်သင့်စာနဲ့ရေးမယ်။ နောက်ပြီးတော့ လူကိုယ်တိုင်လည်း ရှင်းပြတာလုပ်မယ်။ဒီအချက်တွေ ဒီအချက်တွေပါအောင်ခင်ဗျားတို့ ရိုက်ပေး။ဟုတ်လား။အဲဒါမျိုးလေးတွေပေါ့။ငလျင်နဲ့ပတ်သက်တဲ့ ဒေတာတွေက ကောက်ကိုကောက်သင့်တယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးကြောင့် ပြတ်ရွေ့ဖြစ်ပေါ်ခြင်းဖြစ်သည် ကီလိုမီတာ ၅၀၀ ကျော်(၃၄၂ မိုင်)ခန့်ရှည်လျားနိုင်ကြောင်း မြေလွှာကွဲအက်သည့် အနက်မှာလည်း နေရာအလိုက် အနည်းဆုံးတစ်ပေမှ ပေ ၇၀ ခန့်အထိတွေ့ရကြောင်း ငလျင်ပြတ်ရွေ့ကိုလေ့လာခဲ့သည့် TBSM အသင်းက အသိပေးသည်။

“စစ်တပ်အခြေစိုက်ရှိတဲ့ မိတ္ထီလာနဲ့ နေပြည်တော်ကြောင့်လို့ ထင်တယ်။USGS(United State Geo logical Survey)ကဖော်ပြတဲ့ ပြတ်ရွေ့ကြောကို ကြည့်ရင် ပြတ်ရွေ့ဖြစ်တဲ့အလယ်က ပိုပြီးပြန့်တာတွေ့ရမယ်။ဒါကလည်း Mapping အရပေါ့။သေသေချာချာ လေ့လာနိုင်ရန် တစ်ဖက်ကလည်း သူတို့(စစ်ကောင်စီ) အထိအခိုက်ကို တွေ့သွားမှာစိုးရိမ်သလို တစ်ဖက်မှာလည်း ဘူမိသိပ္ပံအရ ဖော်ထုတ်ရမှာအများကြီး ရှိနေတယ်”ဟု ယမန်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ငလျင်ဒဏ်သင့်ဒေသများ၏ ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်လေ့လာကြည့်ရှုခြင်းဖြင့် ပြည် တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်းကိုအထောက် အကူဖြစ်စေနိုင်ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက မေလ၈ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီလက်​အောက်ခံ PNO/PNA ပြည်သူ့စစ်ကရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ရှိ ကယန်းပြည်သစ်ဂိတ်ကို ယ​နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ကယန်းပြည်သစ်ရဲဘော်သုံးဦးဒဏ်ရရှိခဲ့ကြောင်း ဒေသခံစစ်​ရေးသတင်းရင်းမြစ်များကပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

သတင်း

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။