Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းပို့ထားသည့် YBS ယာဉ်မောင်းတဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

မေ-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၅ရက်က ခမရ-၄၃၉တပ်ရင်းမှ တပ်သား ကိုသက်အောင် ခေါ် ကိုသက်သည် လက်နက် ၁လက်၊ ကျည်ဘောက်၊ ကျည်များ ယူလာပြီး KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၈)ထံ လက်နက်ချ အလင်းဝင်ခံခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသစ်သည် ယခင်က (YBS) ကားမောင်းသမားတစ်ဦးဖြစ်ပြီး ၎င်း၏ဆန္ဒမပါပဲ စစ်မှုထမ်းရန် မတရားဖမ်းဆီး စေခိုင်းခံရသူဖြစ်သည်ဟုထုတ်ပြန်ချက်၌အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့စစ်သားစုဆောင်းခံရပြီးနောက်မုန်းဒေသ ပြဒါးစခန်းမှထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်ဟုသိရသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို KNLA တပ်ရင်း(၈)မှ ဆုငွေ ၁၀သိန်း ကျပ်ပေးအပ်ခဲ့ဟု ထုတ်ပြန်သည်။

ထိုသိုအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများထံသို လက်နက်ချ အလင်းဝင်ရန်လည်း KNU ဗဟိုက ထပ်မံ ဖိတ်ခေါ် တိုက်တွန်းခဲ့သည်။

KNLAဗဟိုဌာနချုပ်ကလည်းစစ်ကောင်စီတပ်သားများအနေဖြင့်လက်တဆုပ်စာစစ်ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ကာကွယ်ခြင်းမပြုဘဲ KNLAထံ လာရောက်ပူးပေါင်းရန် ယခုရက်ပိုင်းအတွင်းကြေညာချက်တိုက်တွန်းထားသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ကျည်ဖြုတ်ထားသည့် သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင်လွယ်ကာ လက်ဗလာဖြင့် ရောက်ရှိသည့် နေရာမှ ရှေ့တန်းရှိ KNLA တပ်ဖွဲ့ထံ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လာရောက်ရန် KNLAက တိုက်တွန်းထားပြီး အလင်းဝင်လာသူများအနေဖြင့် နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ အသက်ရှင်သန်ခွင့် ရရှိမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook