Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် ပအဖ

မေ ၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

မင်းတပ်မြို့အား ချင်းညီနောင်နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ကြောင်း ပအဖက ဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် (၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် (၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိ‌ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာစာသင်ကျောင်းလည်း အကြီးအကျယ်ထိခိုက်ပျက်စီးပြီး နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့ဟု ဆိုသည်။

” ခုရက်ပိုင်း ပြည်သူတွေ လူစုလူဝေး သိပ်မလုပ်ကြဖို့ ။ ခုရက်ပိုင်း ကျောင်းတွေကို အဓိက ပစ်မှတ်ထားနေတော့ ပိုဂရုစိုက်ကြဖို့ပါ”ဟု မင်းတပ်ဒေသခံက စစ်ကောင်စီ၏ လေကြောင်းရန် ဂရုပြုရန်နှင့်ပတ်သက်ပြီး ပြောသည်။

ထို့အပြင် သေဆုံးသူ မိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြေပြင်တွင် သွားရောက်ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း ပအဖက ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီမှ မေလအတွင်း မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက (၁၃)ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများမှာ လူသားချင်းစာနာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိဟုလည်း ပအဖက အသိပေးသည်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ် (CDF) -မင်းတပ်ပါဝင်သည့် ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။