Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်၂ စီးကို KIA ပစ်ချမှုဖားကန့်လမ်းပိုင်းမှ စစ်တပ်စစ်ကြောင်းကို တုန်လှုပ်​စေပြီး နောက်ပြန်ဆုတ်​နေ

ဖားကန့်ကိုဦးတည်နေသည့် စစ်ကြောင်းသည် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIAက ပစ်ချသည့်နေ့တွင် ကစဉ့်ကလျားဖြစ်ခဲ့ပြီး နောက်သို့ပြန်ဆုတ်ခွာနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ကချင်ပြည်နယ်တ​နေရာတွင် ​တွေ့ရ​သောစစ်သားများ။(ပုံ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်

​မေ၂၁၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်ကိုဦးတည်နေသည့် စစ်ကြောင်းသည် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIA က ပစ်ချသည့်နေ့တွင် ကစဉ့်ကလျားဖြစ်ခဲ့ပြီး နောက်သို့ပြန်ဆုတ်ခွာနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတတိယလပတ်မှစတင်ပြီး ဖားကန့်ကို ဦးတည်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီရှမ်းနီ(SNA) နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် မေလ ၁၉ရက်က ဖားကန့်ကျောက်စိမ်းမှော်နှင့် ၁၀ မိုင်ခန့်အကွာ ပျားအုံရွာသို့ ရောက်ရှိနေခဲ့ပြီး KIA ဦးဆောင်သည့်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်။

မေလ၂၀ရက်​နေ့က ဗန်းမော်မြို့တွင် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIA က ပစ်ချလိုက်ခြင်းသည် ဖားကန့်လမ်းရောက်စစ်ကောင်စီစစ်ကြောင်းကိုလည်း ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ပျားအုံရွာအထိရောက်လာတဲ့စစ်ကြောင်းက မနေ့(​မေ ၂၀)ကနောက်ပြန်ပြေးတယ်။သွေးပျက်ပြီးပြန်ဆုတ်သွားတာ။ KIA၊ PDF က နောက်ကလိုက်ချတယ်။ အခု ပျားအုံရဲ့နောက်ဘက်က တံတားညီနောင်မှာ တိုက်ပွဲအရမ်းပြင်းထန်နေပြီး ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ၂ ခါလာပစ်သွားပြီ”ဟုမေလ ၂၁ရက် နံနက်ပိုင်းစစ်ရေးအခြေအနေကို ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ပျားအုံရွာနှင့် ဖားကန့်ကျောက်စိမ်းမော်ဒေသသည် ၁၀ မိုင်ခန့်ဝေးပြီး ယခုအခါ စစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွား၍ ၁၃မိုင်ခန့်အထိဝေးကွာသွားပြီဟု သတင်းရရှိသည်။

KIAသည် ဗန်းမော်မြို့သ်ိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက ဖားကန့်ကို နယ်မြေစိုးမိုးမှုပြန်လည်ရယူအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။SNAနှင့်ပြည်သူ့စစ်များကို ဖားကန့်အထိ စစ်ကြောင်းထိုးနိုင်ပါက ကျောက်စိမ်းတူးဖော်ခွင့်ပေးမည်ဟုမက်လုံးပေးထားကြောင်းစုံစမ်းသိရှိရသည်။

“စစ်ကောင်စီဘက်မှာပြည်သူ့စစ်တွေအသေများတယ်။ကျောက်စိမ်းလုပ်ကွက်တွေပေးမယ်ဆိုပြီး အတင်းထိုးတက်ခိုင်းနေတာ”ဟုဖားကန့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

လက်ရှိတွင်ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဖားကန့်လမ်း၌လည်းတိုက်ပွဲဆက်ဖြစ်နေသည်။

​မေလ ၂၀ရက်နေ့လယ် ၁နာရီခန့်က ဗန်းမော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို ဆင်းသက်ရန်ကြိုးစားသည့် ရဟတ်ယဉ် ၃ စီးအား KIA နှင့် ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့သည်။၂ စီးထိမှန်ပြီး ၁စီးသည် KIA တပ်ရင်း(၅)နယ်မြေ စည်ငန်းရွာအနီး တောထဲသို့ ပျက်ကျကာ စစ်ကောင်စီ ဗျူဟာမှူးအပါအဝင်အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။အခြား ၁စီးသည် ပန်ကာပျက်စီးသွားပြီး ရွှေကူတွင် အရေးပေါ် ဆင်းသက်ခဲ့ရကာမထိမှန်ခဲ့သော ၁စီးသည် မြစ်ကြီးနားလေဆိပ်သို့ဆင်းသက်သွားသည်ဟုသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။