Connect with us

Hi, what are you looking for?

သတင်း

အ​မေရိကန်က မြန်မာတစ်ဦး ၊ ဗီယက်နမ်တစ်ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းအခြေချသူ ၁၂ ဦးကို တောင်ဆူဒန်ဆီ နယ်နှင်

ရွှေ့ပြောင်း အခြေချသူတွေကို တောင်ဆူဒန်ဆီ နယ်နှင်ခဲ့တဲ့အပေါ် အမေရိကန် တရားသူကြီး သတိပေး

Getty Images

​မေ-၂၁၊၂၀၂၅။People’s Spring

မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို တောင်ဆူဒန် ဆီနယ်နှင်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ တရားရေးအရ ဖြေရှင်းရမယ့် အခြေအနေတွေရှိလာနိုင်တယ်လို့အမေရိကန်ဖက်ဒရယ်တရားသူကြီးတဦးက သတိပေးခဲ့ပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က ခန့်အပ်ခဲ့ပြီးဘော်စတွန်မြို့မှာရုံးထိုင်တဲ့ တရားသူကြီး ဘရိုင်ယန် မာဖီက တောင်ဆူဒန် နိုင်ငံဆီ နိုင်ငံခြားသားတွေကို ပို့ဆောင်ခဲ့တဲ့ အမေရိကန် အစိုးရရဲ့ လုပ်ရပ်ဟာ ပြီးခဲ့တဲ့လက သူချမှတ်ထားတဲ့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

မာဖီရဲ့ ဆုံးဖြတ်ချက်မှာတော့နယ်နှင်ဒဏ် ခံရမယ့် သူတွေကိုသူတို့ရဲ့ခုခံပိုင်ခွင့်အတွက်သင့်တင့်မှန်ကန်တဲ့ အခွင့်အရေးမျိုး မရဘဲ အတင်းအကျပ် နှင်ထုတ်တာမျိုးကနေ အတိအလင်းတားမြစ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတွေက အနည်းဆုံး မြန်မာနဲ့ ဗီယက်နမ် နိုင်ငံသား တစ်ဦးစီအပါအဝင်စုစုပေါင်းတရားမဝင်ရွှေ့ပြောင်းအခြေချသူ ၁၂ ဦးကို တင်ဆောင်သွားတဲ့ လေယာဉ်ဟာ မေလ ၂၀ ရက်နေ့က တောင်ဆူဒန် နိုင်ငံကို ဆိုက်ရောက်ခဲ့ကြောင်း ပြောပါတယ်။ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်တုန်းကမှ ဆူဒန်ကနေ ခွဲထွက်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံငယ် တစ်ခုဖြစ်ပြီး ပြည်တွင်းစစ်၊ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ရုန်းကန်နေရပါတယ်။

တရားသူကြီးမာဖီကအဲဒီ နယ်နှင်မှုဟာသူ့ရဲ့စီရင်ဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်လို့ ယုံကြည်ရပြီး တရားရုံးကို ဖီဆန်၊ မထီမဲ့မြင်ပြုတဲ့ ပြစ်မှုမြောက်နိုင်တယ်လို့ တရားရေးဝန်ကြီးဌာန ရှေ့နေ တစ်ယောက်ကို ပြောကြားခဲ့ပါတယ်။အစိုးရ ရှေ့နေအီလီယာနစ်ပီယာ့ဇ်ကတော့မြန်မာရွှေ့ပြောင်းအခြေချသူ တစ်ဦးကို တောင်ဆူဒန်ဆီ ပို့ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုပြီး ဇာတိနိုင်ငံဆီ ပြန်ပို့ခဲ့တာလို့သာ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံသားကိုရောဘယ်ကိုပို့လိုက်သလဲ ဆိုတာကိုတော့ သူက အတိအကျ ထုတ်မပြောဘဲ ဒါဟာ လျှို့ဝှက်ထားရမယ့် ကိစ္စတစ်ခုလို့ပဲ မှတ်ချက် ပေးသွားခဲ့ပါတယ်။အဲဒီအမျိုးသားဟာ လူသတ်မှု ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှု ရှိနေသူလို့လည်း သူက ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရှေ့နေတွေရဲ့ အဆိုအရလေယာဉ်ပေါ်မှာ မုဒိမ်းမှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ တစ်ဦးလည်း ပါသွားခဲ့တယ်လို့ သိရပါတယ်။

မာဖီက အဲဒီလေယာဉ်နဲ့ လေယာဉ်ပေါ် တင်ဆောင်သွားသူတွေကိုအမေရိကန်ဆီ ပြန်ခေါ်ရမယ်ဆိုတာမျိုးတော့ ညွှန်ကြားခဲ့ခြင်း မရှိပါဘူး။ဒါပေမဲ့ ရွှေ့ပြောင်း အခြေချသူတွေဟာ သင့်တော်မှန်ကန်တဲ့ ကြားနာမှု တစ်ခုရဲ့ အဆုံးအဖြတ်ကို မရမချင်း အမေရိကန်မှာပဲ ရှိနေပြီး လူသားဆန်စွာ ဆက်ဆံမှုမျိုး လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၁၈ရက်နေ့တုန်းကမာဖီကအတင်းအကျပ် နေရပ်ပြန်ပို့ခံရတဲ့ ကိစ္စတွေမှာ ရွှေ့ပြောင်း အခြေချသူတွေဟာဥပဒေအရအရေးဆိုပိုင်ခွင့် ရှိစေရမယ်လို့ စီရင် ဆုံးဖြတ်ပေးခဲ့ပါတယ်။ အဲဒီနောက် လစ်ဗျားနိုင်ငံသားတချို့ဟာနေရပ်ပြန်ပို့ ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မာဖီကအတင်းအကျပ် ပြန်ပို့မှုဟာဥပဒေချိုးဖောက်ရာရောက်နိုင်ကြောင်း အမေရိကန် အစိုးရ အရာရှိတွေကို သတိပေးခဲ့ပါတယ်။

ကိုးကား- BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။