Connect with us

Hi, what are you looking for?

သတင်း

UWSA နယ်မြေထဲ ရွှေတူးမှုတွေကြောင့် ထိုင်းဖက်မှာ မြစ်ရေ ညစ်ညမ်းမှုတွေကို စစ်ကောင်စီ ဖြေရှင်းမပေးနိုင်

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

Photo - Shan State Farmers Network

​မေ-၂၁၊၂၀၂၅။People’s Spring

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဖုမ်သမ်ဝီချာရာချိုင်က စစ်ကောင်စီဟာ နမ့်ခုတ်မြစ်နဲ့ မဲခေါင်မြစ်မှာ ရေထု ညစ်ညမ်းစေတဲ့ ရွှေတူးဖော်မှုတွေကို ထိန်းကွပ် ကိုင်တွယ်နိုင်စွမ်း မရှိဘူးလို့ အသိပေးထားတဲ့တာကြောင့် ဒီကိစ္စအတွက် ညှိနှိုူင်းမှုတွေ လုပ်ဆောင်ဖို့ ခက်ခဲနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Image – Thai Enquirer

မြစ်တွေထဲမှာရွှေတူးတဲ့လုပ်ငန်းအများစုဟာဝပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) ထိန်းချုပ်ထားတဲ့ဧရိယာတွေထဲမှာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေတူးရာမှာ အသုံးပြုတဲ့ဓာတု အဆိပ်အတောက်တွေက မြစ်ရေနဲ့အတူပါလာပြီးထိုင်းနိုင်ငံဖက်ခြမ်းမှာ ညစ်ညမ်းမှု ပြဿနာတွေ ဖြစ်ပေါ်စေတာပါ။ မြစ်ရေနမူနာတွေထဲမှာအဆိပ်အတောက်ဖြစ်စေတဲ့အာဆင်းနစ်ဓာတ်တွေမြင့်မားနေတာမျိုးကြောင့်ထိုင်းအာဏာပိုင်တွေက မြစ်ကမ်းနံဘေး နေထိုင်တဲ့ ရပ်ရွာတွေမှာ မြစ်ရေကိုယူငင်သုံးစွဲတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီကျန်းမာရေးပြဿနာဟာလတ်တလော ချက်ချင်း ကြုံတွေ့နေတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး ရေရှည်မှာတော့ ရွှေတူးပြီး စွန့်ပစ်လိုက်တဲ့ အနည်အနှစ်တွေကြောင့်သောင်ထွန်းပြီးဂေဟစနစ်ထိခိုက်ပျက်စီးစေမယ့် ပြဿနာမျိုးလည်း ရှိနေပြန်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ နယ်စပ်ရေးရာအာဏာပိုင်တွေဟာအခုကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုဆက်သွယ် ဆွေးနွေးခဲ့ပြီးနောက်ထပ်ဓာတုအဆိပ်အတောက်ပစ္စည်းတွေ မြစ်ရေထဲ ပါမလာအောင် ထိန်းသိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ရွှေတူးလုပ်ငန်းတွေကို တိုက်ရိုက်ထိန်းချုပ်ထားတာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ညှိနှိုင်းပေးဖို့ ခက်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ ပြီးတော့ ထိုင်းအစိုးရ အနေနဲ့လည်း အစိုးရမဟုတ်တဲ့ အစုအဖွဲ့ တစ်ခုနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ဆိုတာဟာရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ အခုပြဿနာနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ အချက်အလက်တွေ စုဆောင်းပြီး ဆန်းစစ်တဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။

ထိုင်းရဲ့ ရေအရင်းအမြစ် ဌာနကမြစ်ရိုးတလျှောက်မှာ ဆည်အသေးစားလို ပုံစံမျိုး ရေစစ်ယူသန့်စင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ပြီး ဓာတုပစ္စည်းတွေနဲ့ အနည်အနှစ်တွေကို ဖယ်ရှားဖို့ကို ရေရှည် စီမံကိန်း အနေနဲ့ စဉ်းစားထားကြောင်းလည်း သိရပါတယ်။

ကိုးကား-Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

Facebook