Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ​တော်ကာကွယ်​ရေးတက္ကသိုလ်၌ လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး သင်ကြားပေးနေသော အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကောင်စီ၏နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(National Defence College-NDC)တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး)ဘာသာရပ် သင်ကြားပေးနေသော အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

“အနန့်ပါ၊လက်ယက်ကုန်း၊ ပဇီကြီး၊ ဒီပဲယင်း ကိစ္စတွေ တစ်ခုမှ ကျွန်တော်တို့မမေ့ဘူး။ တရားမျှတမှုကို မရရတဲ့နည်းနဲ့ယူမယ်စောင့်နေပါ။ဒါပဲ ပြောချင်ပါတယ်”

— Golden Valley Warriorsတပ်ဖွဲ့ဝင်တစ်ဦး

မေ ၂၂၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(National Defence College-NDC)တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး)ဘာသာရပ် သင်ကြားပေးနေသော အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်အား ယနေ့(မေလ ၂၂ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ် ရှိ ၎င်း၏နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။ ​သေနတ်ဖြင့် ၄ ချက်အပစ်ခံရပြီး ​နေရာမှာပင်​သေဆုံးသွားပြီး အ​လောင်းကို စစ်​ဆေးရုံသို့ သယ်​ဆောင်သွား​ကြောင်းသိရသည်။

“GVWမြို့ပြရဲဘော်ရဲဘက် တွေအားလုံး လုံခြုံဘေးကင်းပါတယ်။ ပစ်မှတ်ကို အချိန်ယူစောင့်ကြည့်အတည်ပြုတဲ့ လုပ်ငန်းစဉ်အပါဆိုရင် ဒိီမစ်ရှင်တခုအတွက်အချိန် ၄လလောက် ယူလိုက်ရပါတယ် ။ ကျွန်တော်တို့ ရန်သူ့ထောက်တိုင်တွေကိုစနစ်တကျ စာရင်းပြုစုပြီး ထောက်လှမ်းနေတာလဲရှိပါတယ် သေချာပြောနိုင်တာကတော့ အနန့်ပါ၊လက်ယက်ကုန်း၊ ပဇီကြီး၊ ဒီပဲယင်း ကိစ္စတွေ တခုမှ ကျွန်တော်တို့မမေ့ဘူး တရားမျှတမှုကို မရရတဲ့နည်းနဲ့ယူမယ်။ စောင့်နေပါ ဒါပဲ ပြောချင်ပါတယ်”ဟု Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဟု ဆိုသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(NDC)သည် စစ်တပ် ဗိုလ်မှူးကြီးအဆင့်မှ စတင်တက်ရောက်ရသည့် စစ်တပ်၏ အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတစ်ခုဖြစ်သည်။

ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် ၂၀၂၃တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရသူ ဖြစ်သည်။

ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDCတွင် အကြမ်းဖက်စစ်တပ်အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေခြင်းဖြစ်သည်။

” ဒီဗိုလ်ချုပ် NDC မှာ စာသင်တယ်လို့ ဖရဲသီးသတင်းစရကတည်းက ကျွန်တော်တို့ ဆက်တိုက်စုံစမ်းထောက်လှမ်း နေခဲ့တာ၊ အဲဒိီနောက် သိလာရတာတော်များများရှိလားတယ်။ သူက မင်းအောင်လှိုင်ရဲ့ ဂုဏ်ထူးဆောင်တံဆိပ် ရထားတာကို မိတ်စုံစားပွဲတွေ နဲ့ အပတ်စဉ် ဂေါက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲ ဂုဏ်ယူကြွားဝါပြောဆိုလေ့ရှိတယ်။ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်တဲ့ ကိစ္စတွေမှာ တိုက်ရိုက်ကိုင်တွယ်ပါဝင်တာမျိုးမတွေ့ရပေမယ့် စစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့ သူအပါအဝင် အငြိမ်းစားစစ်သံမှူးတွေစုပြီး အကြံပေးနေတာရှိတယ်။ တချို့သတင်းအချက်အလက်တွေက သတင်းပေးရဲ့ လုံခြုံရေးအရ ကျွန်တော်တို့ မထုတ်ပြန်နိုင်တာလဲရှိပါတယ်။ စကစ ရဲ့ ထောက်တိုင်တွေ လုံခြုံရေးအပြည့်နဲ့ နေရသူတွေတောင် ကျွန်တော်တို့လက်က ပြေးမလွတ်ဘူး ၊ ကျန်တဲ့ စကစထောက်တိုင်တွေ လဲ အမဲလိုက်ခံရရင် ခံနိုင်ရည်ရှိဖို့ ပြင်ထားကြပါလို့ပဲ ပြောချင်ပါတယ်”ဟု Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

Golden Valley Warriors အဖွဲ့သည် စစ်တပ်၏ အကြီးစား ထောက်တိုင်များကို စဉ်ဆက်မပြတ်ဖြိုဖျက်ရန် သတင်းထောက်လှမ်း လျက်ရှိပြီး အကြမ်းဖက်လေတပ် လေယာဉ်မှူးများ၏ အချက်အလက်များကိုလည်း သတင်းစုဆောင်းလျက်ရှိသောကြောင့် ၎င်း တို့၏ ဆက်စပ် သတင်းများရရှိထားပါက ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ထံပေးပို့ပေးရန် တောင်းဆိုလိုသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။