Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့တွင် ဗုံးပေါက်ကွဲမှုထပ်ဖြစ်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယနေ့(မေလ ၂၃ရက်) ညနေ၅နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒေသခံ၂ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယနေ့ (မေလ ၂၃ရက်) ညနေ၅နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒေသခံ၂ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ကန်တော်ရပ်ရှိ မိုးကုတ်ကြယ်ကားဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားဂိတ်ထမ်းအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

“လက်လုပ်ဗုံးပစ်သွားတာလို့ သိရတယ်ဗျ။ ဒါမျိုး နှစ်ခါရှိပြီ။ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကြောင့်လို့ထင်တာပဲ။ ရေရှည်မှာဆို စိုးရိမ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူနှစ်ဦးလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ အသေးစားဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် မေလ၁၁ရက် ညကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားအချို့ကို TNLA က ဖမ်းဆီးထိန်းသိမ်းထားသည်။

မိုးကုတ်မြို့ကို TNLA၊ PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ရက်တွင်သိမ်းပိုက်ခဲ့သည်။

ထို့နောက် TNLA နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များပါသည့် မြို့မိမြို့ဖအဖွဲ့က အုပ်ချုပ်ရေးယန္တရားလည်ပတ်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိပြု‌နေရသလို ယခု ကဲ့သို့ ဗုံးပေါက်ကွဲမှုမကြာခဏဖြစ်မေသည့်အပေါ် စိုးရိမ်သည်ဟု ဒေသခံအချို့ကပြော သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။