Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ ဖိအားပေးမှု နည်းလမ်းနဲ့ ချဉ်းကပ်လို့ မရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ဖိအားပေးခြင်း မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကူညီ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Reuters

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ဖိအားပေးခြင်း မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကူညီ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဝန်ကြီး မာရစ် ဆန်ဂီယာပွန်ဆာက လာမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံမှာလည်း ထိုင်းအနေနဲ့ မြန်မာ့အရေး ဖြေရှင်းမှုကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းတွေ မြှင့်တင်သွားဖို့ လိုလားကြောင်း Reutersနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ့ဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဏာသိမ်း မြန်မာ စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြားမှာ တိုက်ရိုက် ဆွေးနွေးမှုတွေ ပထမဆုံးအကြိမ် စတင်နိုင်ဖို့ သင့်တော်တဲ့ အချိန်မျိုး ရောက်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မာရစ်က အန်ဝါရဲ့ အားထုတ်မှုတွေကို ထောက်ခံခဲ့ပြီး ကနဦး အဆင့်အနေနဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီမှု တစ်ခုနဲ့ အစပြုသင့်တယ်လို့ ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ အရေးကြီးတဲ့ ပထမအဆင့် ခြေလှမ်းဖြစ်ကြောင်း၊ ဒါပေမဲ့ တစ်ဖက်တည်း အပစ်ရပ်ထားရုံနဲ့တော့ မရကြောင်း မာရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေအတွက် လိုအပ်မယ့် အမျိုးမျိုးသော ကိစ္စတွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ယူဆောင်လာနိုင်ဖို့ လိုကြောင်း၊ ဒါပေမဲ့ ကိစ္စတွေကို ဖိအားသွားပေးလို့တော့ မရကြောင်း သူက ပြောပါတယ်။

တစ်ဖက်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အန်ဝါနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ပိုမို အရှိန်အဟုန် မြှင့်တင်လာနေခဲ့ပါတယ်။

နောက်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေ၊ အွန်လိုင်း လောင်းကစားဂိုဏ်းတွေဟာ မြန်မာ့ ပြည်တွင်းစစ်ကြောင့် ပိုပြီး ပျံ့နှံ့ ကြီးထွားလာခဲ့ကြောင်း မာရစ်က ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို မဖြေရှင်းနိုင်သေးသ၍ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်လို့ မရနိုင်ကြောင်း၊ အဲဒီကိစ္စ နှစ်ခုဟာ ဆက်စပ်နေကြောင်း မာရစ်က ဆိုပါတယ်။

သူက ထိုင်းနိုင်ငံဟာ ကျန်းမာရေးနဲ့ ပညာရေးတို့ အပါအဝင် ကဏ္ဍတချို့မှာ မြန်မာအတွက် ရေရှည် ကူညီထောက်ပံ့မှုတွေ ပံ့ပိုးပေးသွားဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။ နောက်ပြီး မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ထိတွေ့ဆက်ဆံရာမှာ နိုင်ငံတကာ ပလက်ဖောင်းကို ပိုပြီး အသုံးချသွားဖို့ ရည်ရွယ်ထားကြောင်းလည်း မာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။

အရေးကြီးတာက အကျိုးဖြစ်ထွန်းမှု မရှိနိုင်မယ့် အဆိုးမြင် အတွေးအခေါ်တွေကို ထိုင်းက ပြောင်းပစ်ချင်နေတာ ဖြစ်တယ်လို့ သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ တရုတ်အစိုးရက စစ်ကောင်စီဘက်၌ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေခြင်းအား ဆန့်ကျင်ရှုတ်ချကြောင်း ယမန်နေ့ (ဇွန်လ ၆) ညနေက ဆန္ဒပြခဲ့ကြသည်။

သတင်း

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရေးကြီးတဲ့ အဆင့်တွေကို ဖြတ်သန်းနေကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

သတင်း

အရှေတောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာမြန်မာ့ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာနိုင်မယ့်အလားအလာတွေရှိနေဆဲလို့ရှုမြင်ကြတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။