Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ

တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲကြောင့် ကြက်တက်ညောင်ပင်ရွာမှ စစ်ဘေးရှောင်များကို ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးနေစဉ်။ ဓာတ်ပုံ − Taungoo Rescue

မေ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

အမြန်လမ်း (၁၇၄)မိုင်နှင့် ၆မ်ိုင်ခန့်အကွာရှိ စပါးကြွယ်ကျေးရွာအနီးတွင် မေလ ၂၃ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယ‌နေ့(မေလ ၂၅ရက်)အထိ စစ်ရေးတင်းမာနေသလို အမြန်လမ်းနှင့် (၁)မိုင်ခန့်အကွာရှိ ကြက်တက်ညောင်ပင်ကျေးရွာတွင်လည်း ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။

” အမြန်လမ်းနဲ့ ပိုနီးလာတယ်။မနက်ကတည်းက သေနတ်သံတွေကြားရတယ်။လေယာဉ်က တမနက်လုံးဝဲနေတယ်။ ရွာတွေဘက်ကနေ မြို့ပေါ်ကိုပြေးလာတာအများကြီးပဲ”ဟု တောင်ငူမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းတွင် ကြက်တက်ညောင်ပင်ကျေးရွာမှ စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အိမ်ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောသည်။ တောင်ငူမြို့နယ်အတွင်း လက်ရှိတွင် စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာအပြင်ညကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ငုံးမင်းရွာတို့မှ ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

လက်တလောတွင် ပဲခူးတိုင်းအတွင်း၌ တောင်ငူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသလို ကျောက်ကြီး၊ရွှေကျင်၊ နတ္တလင်း၊ မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာမှ မင်္ဂလာဆောင်ကို ယနေ့နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်၍ သတို့သမီးဖြစ်သူနှင့် ကလေးငယ်နှစ်ဦးအပါအဝင် ၁၀ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။