Connect with us

Hi, what are you looking for?

သတင်း

ကျောင်းများထပ်မံတိုးချဲ့မည်ဖြစ်၍ CDM ဆရာ၊ဆရာမများ လျှောက်ထားနိုင်ဟု MNDAA ခေါ်ယူ

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဆရာ၊ဆရာမများ CDMပြူလုပ်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးဒေသ(၁)အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပညာရေးဝန်ထမ်းများခေါ်ယူခြင်း ကြေညာချက်ကို ယနေ့ (မေလ ၂၅ရက်) ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

အထူးဒေသ(၁)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစ၍ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူနိုင်ရန်အတွက် အခြေခံပညာကျောင်း (၂၂) ကျောင်းဖွင့်လှစ်ခဲ့ ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ် မည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသော ဆရာ၊ဆရာမများ၊ တက္ကသိုလ်တစ်ခုခုဘွဲရရှိသူများနှင့် CDM ပြုလုပ်ထားသော တက္ကသိုလ်ကျောင်းသား၊သူများအနေဖြင့် အထူးဒေသ(၁) အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လိုပါက လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

လျှောက်ထားလိုပါက https://www.surveyheart.com/form/681f04f3f061e226ef143cf4 နှင့် Telegram Channel https://t.me/thekokangnewsnetwork တွင်လည်း လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသ တခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ နှစ်ဆန်းတွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ကာ ဧပြီတွင် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် သိန္နီခရိုင်အတွင်းမှ နေအိမ်အဆောက်အအုံ ၄၀ဝကျော်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။

သတင်း

စစ်​ကောင်စီက MNDAA အားသိန္ဒီမြို့အား ပြန်ပေးရန် နှင့် လားရှိုး-သီပေါနယ်စပ်ရှိ တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရန် ထပ်မံတောင်းဆိုမှုကို MNDAAက လက်မခံသဖြင့် နှစ်ဘက် ဆက်ဆံရေးတင်းမာနေသည်။

သတင်း

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ တောကြောင်ပေါက်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့၍ ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား ပြည်သူ (၆)ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။