Connect with us

Hi, what are you looking for?

သတင်း

ကျောင်းများထပ်မံတိုးချဲ့မည်ဖြစ်၍ CDM ဆရာ၊ဆရာမများ လျှောက်ထားနိုင်ဟု MNDAA ခေါ်ယူ

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဆရာ၊ဆရာမများ CDMပြူလုပ်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးဒေသ(၁)အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပညာရေးဝန်ထမ်းများခေါ်ယူခြင်း ကြေညာချက်ကို ယနေ့ (မေလ ၂၅ရက်) ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

အထူးဒေသ(၁)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစ၍ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူနိုင်ရန်အတွက် အခြေခံပညာကျောင်း (၂၂) ကျောင်းဖွင့်လှစ်ခဲ့ ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ် မည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသော ဆရာ၊ဆရာမများ၊ တက္ကသိုလ်တစ်ခုခုဘွဲရရှိသူများနှင့် CDM ပြုလုပ်ထားသော တက္ကသိုလ်ကျောင်းသား၊သူများအနေဖြင့် အထူးဒေသ(၁) အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လိုပါက လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

လျှောက်ထားလိုပါက https://www.surveyheart.com/form/681f04f3f061e226ef143cf4 နှင့် Telegram Channel https://t.me/thekokangnewsnetwork တွင်လည်း လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသ တခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ နှစ်ဆန်းတွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ကာ ဧပြီတွင် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။