Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်း – ဖားကန့်လမ်းပိုင်း၌တပ်စွဲခဲ့သည့် ကျေးရွာများမှနေအိမ်များကို စစ်ကောင်စီတပ် ဖောက်ထွင်းခိုးယူ

ကချင်ပြည်နယ်၊ မိုးကောင်း – ကာမိုင်း – ဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စွဲခဲ့သည့် ကျေးရွာများမှ နေအိမ်များ ဖောက်ထွင်းခံထားရပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား စစ်ကောင်စီတပ်က ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

မိုးကောင်းမြို့ လမ်းပိုင်းတနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ ၂၅၊၂၀၂၅။ကဖေး/People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်း – ကာမိုင်း – ဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စွဲခဲ့သည့် ကျေးရွာများမှ နေအိမ်များ ဖောက်ထွင်းခံထားရပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား စစ်ကောင်စီတပ်က ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ၂၃ရက်ကစ၍ မိုးကောင်း-ကာမိုင်း-နမ့်ယား- ကပ်မှော်- လုံးခင်း-ဖားကန့်လမ်းမှတဆင့် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် မေလဆန်းတွင် နမ့်ယားနှင့် ကပ်မော်ကျးရွာရောက်ရှိလာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အဆိုပါကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲခဲ့ပြီးနောက် မေလ ၂၂ရက်တွင် ပြန်လည်ထွက်ခွာသွားရာ ဒေသခံများက ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ ကျေးရွာများရှိ နေအိမ်များဖောက်ထွင်းခံရပြီး အဝတ်အစားများ၊ အစားအသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများပါ စိတ်ကောင်စီတပ်က ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” အိမ်တိုင်းအဖောက်ခံရတာ။ သူ့အိမ်ကပစ္စည်းက ဒီအိမ်ရောက်၊ ဒီအိမ်ကပစ္စည်းက သူ့အိမ်ရောက်နဲ့ တစ်အိမ်ဆင်းတစ်အိမ်တက်ဝင်မွှေသွားတာ။ အကောင်းတွေကို ချည်းယူသွားတာ။ အခုတော့ ဒေသခံအချင်းချင်း ပိုင်ရှင်မှန်ဆီပစ္စည်းတွေပြန်ပေးနေတယ်”ဟု ကပ်မော်ရွှာဒေသခံတစ်ဦးက ပြောသည်။

နမ့်ယားရွာတွင်လည်း နေအိမ်များမှပစ္စည်းများ မွှေနှောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ထို့အပြင် ယခင်ရက်က တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသော မိုင်းများရှိနိုင်၍ သတိပြုကြရန် ဒေသခံများအချင်းချင်း သတိပေးနေကြသည်။

” ကိုယ့်အိမ်ကို ပြန်ဝင်ကြမယ့်သူများ လက်နက်ကြီးကျည်များနဲ့ နင်းမိုင်း ကြိုးမိုင်း အားလုံးကို သတိထားကြပါလို့ ပြောချင်တာပါ။ဖြစ်လာရင် ဆေးရုံဆေးခန်းပို့ဖို့ မလွယ်လို့ပါ”ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် သတိပေးထားသည်။

နမ့်ယားရွာသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် ထိန်းချုပ်ထားသည့်ကျေးရွာဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်၊ ရှမ်းနီ(SNA)နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက စစ်ကြောင်းထိုးလာ၍ KIAက ပြန်လည်ဆုတ်ခွာ ထားကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာနေသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာနေခြင်းဖြစ်သည်။ထို့ပြင် ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယ‌နေ့ (မေလ ၂၅ရက်)တွင် ဖားကန့်မြို့နှင့် (၁၀)မိုင်ခန့်အကွာရှိ နမ့်တိန်ကျေးရွာသို့ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်သည် ဗန်းမော်မြို့သ်ိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက ဖားကန့်မြို့ကို နယ်မြေစိုးမိုးမှုပြန်လည်ရယူအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

လက်ရှိတွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဖားကန့်လမ်းပိုင်း၌လည်း တိုက်ပွဲဆက်ဖြစ်နေသည်။ ထို့အပြင် ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။