Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းရဲစခန်း လက်နက်ကြီးကုန်းကို KIAပူးပေါင်းတပ် တိုက်ခိုက်

ဖားကန့်မြိုနယ်၊ လုံးခင်းကျေးရွာရဲစခန်းကုန်း၌ လက်နက်ကြီးများတပ်ဆင်ထားသည့်နေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်။

လုံးခင်းကျေးရွာအဝင် တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ ၂၆၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်မြိုနယ်၊ လုံးခင်းကျေးရွာရဲစခန်းကုန်း၌ လက်နက်ကြီးများတပ်ဆင်ထားသည့်နေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်။

လုံးခင်းရွာရဲစခန်းမှ လက်နက်ကြီးကုန်းကို နံနက် ၃နာရီကျော်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIAနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောပြီး တိုက်ခိုက်မှုပုံစံ အသေးစိတ်ကို မပြောလိုဟု ဆိုသည်။

” တိုက်ခိုက်မှုက နာရီဝက်ခန့်ကြာခဲ့ပါတယ်။အပြန်အလှန်ပစ်ခဲ့ကြပြီး လုံးခင်းရဲစခန်းကုန်းက ရမ်းသမ်းပစ်နေလို့ ဒေသခံတွေထိမှာစိုးလို့ ရပ်ပစ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများကြားခဲ့ရပြီး လုံခင်းရဲစခန်းတိုက်ခိုက်ခံရခြင်းဟု ဖားကန့်ဒေသခံများက ပြောသည်။

” ပထမတော့ စကစစစ်ကြောင်း လုံးခင်းနားအထိရောက်လာတာလားပေါ့။ အဲ့လိုမဟုတ်ဘူး။ လုံးခင်းရဲစခန်းလက်နက်ကြီးကုန်းကို ချတာ။ စစ်ကောင်စီစစ်‌ကြောင်းက နမ့်တိန်းမှာပဲ ရှိသေးတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့ပျက်စီးခဲ့ပြီး အသေးစားဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် စခန်းများ၊ဒေသများကို ပြန်လည်ထိန်းချုပ်နာရီထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်နေပြီး ယနေ့(မေလ ၂၆ရက်) နံနက်အစောပိုင်းက လုံးခင်းရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတင်းများအဆင်မပြတ်နားစွင့်နေရန် ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။

ဖားကန့်မြို့ကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း ဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီး လက်နက်ကြီးများတပ်ဆင်ထားသည်။ တိုက်ပွဲဖြစ်ရာနေရာများသို့ အဆိုပါနေရာများမှနေ၍ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကစကာ စစ်ကြောင်းထိုးလာပြီး ယခုအခါ ဖားကန့်မြို့နှင့် ၁၀မိုင်ခန့်အကွာ နမ့်တိန်းကျေးရွာသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နမ့်တိန်းနှင့် လုံးခင်းကျေးရွာကြား၌ ၇မိုင်၊၆မိုင်၊၅မိုင်၊ကျောက်ဖျာ၊လယ်ပြင် ကျေးရွာတို့ ရှိနေသေးသည်။စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် မြေပြင်တွင်အထိနာနေသော်လည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူဖြင့် ရှေ့တိုးလာနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook