Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား ရှေ့တန်းကင်းတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ − AP

မေ ၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဖားကန့်ဒေသ ယနေ့(မေလ ၂၆ရက်) စစ်ရေးအခြေအနေများမေးမြန်းရာတွင် ဗိုလ်မှူးကြီးနော်ဘူက လုံးခင်းဒေသ၊ နမ့်တိန်ဒေသ၌ တိုက်ပွဲရှိခဲ့သည်ဟု ပြောသည်။

” ဖားကန့်ဘက်ကတော့ လုံးခင်းဘက်မှာ တိုက်ပွဲတွေရှိတယ်။ ဒီကနေ့ မနက် ၃နာရီ၊ ၄နာရီအချိန်လောက်မှာ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေက အဲဒီလုံးခင်းက ရဲစခန်းတစ်ခုကိုလည်း ပစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ သိမ်းနိုင်တာလားတော့ မသိဘူး။ အခုလောလောဆယ်ကတော့ လုံးခင်းဘက်ကနေ အဲဒီပျားအုံဘက်ကို ဆင်းပြီးမှ စစ်ကူလာတယ်လို့ ပြောရမှာပေါ့။ အဲဒီ ဆင်းတဲ့အဖွဲ့တွေကိုလည်း ကျနော်တို့အဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တာရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်လည်း ယနေ့ တိုက်ပွဲဆက်ရှိသည်ဟု ပြောသည်။

“ကားမိုင်းဘက်ကနေ နမ့်တိန်ကနေ တက်လာတဲ့ စစ်ကြောင်းတွေကိုလည်း တိုက်နေတယ်။ ဆိုတော့ အဲဒီနေရာမှာတော့ တိုက်ပွဲကတော့ ဆက်တိုက်လိုဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့တွင် မိုးရွာနေ၍ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုမရှိဟု ပြောသည်။ နေ့လည်ပိုင်း၌ အနည်းငယ် ပြန်ငြိမ်နေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

” နမ့်တိန်ဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းတွေကတော့ ဆက်ပြီးတော့မထိုးဘဲနဲ့ အဲဒီနမ့်တိန်မှာပဲ ရပ်နေတယ်လို့ သတင်းပေးလာတာရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တဖက်တွင်လည်း KIAက ဗန်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဗန်းမော်မြို့ မကျရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခုခံလျက်ရှိရာ ပြီးခဲ့သည့် တပတ်အတွင်း ဗုံးအလုံးရေ ရာချီအသုံးပြု ပြီး စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” တနေ့ကိုအနည်းဆုံး Y12၊ Y8နဲ့ ဗုံးကြဲတာကတော့ အလုံးရေ ၃၀အထက်ကြဲနေတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကစတင်ခဲ့ရာ တိုက်ပွဲမှာ နှစ်ဝက်နီးပါး ကြာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။