Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား ရှေ့တန်းကင်းတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ − AP

မေ ၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဖားကန့်ဒေသ ယနေ့(မေလ ၂၆ရက်) စစ်ရေးအခြေအနေများမေးမြန်းရာတွင် ဗိုလ်မှူးကြီးနော်ဘူက လုံးခင်းဒေသ၊ နမ့်တိန်ဒေသ၌ တိုက်ပွဲရှိခဲ့သည်ဟု ပြောသည်။

” ဖားကန့်ဘက်ကတော့ လုံးခင်းဘက်မှာ တိုက်ပွဲတွေရှိတယ်။ ဒီကနေ့ မနက် ၃နာရီ၊ ၄နာရီအချိန်လောက်မှာ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေက အဲဒီလုံးခင်းက ရဲစခန်းတစ်ခုကိုလည်း ပစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ သိမ်းနိုင်တာလားတော့ မသိဘူး။ အခုလောလောဆယ်ကတော့ လုံးခင်းဘက်ကနေ အဲဒီပျားအုံဘက်ကို ဆင်းပြီးမှ စစ်ကူလာတယ်လို့ ပြောရမှာပေါ့။ အဲဒီ ဆင်းတဲ့အဖွဲ့တွေကိုလည်း ကျနော်တို့အဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တာရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်လည်း ယနေ့ တိုက်ပွဲဆက်ရှိသည်ဟု ပြောသည်။

“ကားမိုင်းဘက်ကနေ နမ့်တိန်ကနေ တက်လာတဲ့ စစ်ကြောင်းတွေကိုလည်း တိုက်နေတယ်။ ဆိုတော့ အဲဒီနေရာမှာတော့ တိုက်ပွဲကတော့ ဆက်တိုက်လိုဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့တွင် မိုးရွာနေ၍ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုမရှိဟု ပြောသည်။ နေ့လည်ပိုင်း၌ အနည်းငယ် ပြန်ငြိမ်နေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

” နမ့်တိန်ဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းတွေကတော့ ဆက်ပြီးတော့မထိုးဘဲနဲ့ အဲဒီနမ့်တိန်မှာပဲ ရပ်နေတယ်လို့ သတင်းပေးလာတာရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တဖက်တွင်လည်း KIAက ဗန်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဗန်းမော်မြို့ မကျရေး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခုခံလျက်ရှိရာ ပြီးခဲ့သည့် တပတ်အတွင်း ဗုံးအလုံးရေ ရာချီအသုံးပြု ပြီး စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” တနေ့ကိုအနည်းဆုံး Y12၊ Y8နဲ့ ဗုံးကြဲတာကတော့ အလုံးရေ ၃၀အထက်ကြဲနေတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကစတင်ခဲ့ရာ တိုက်ပွဲမှာ နှစ်ဝက်နီးပါး ကြာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။

Facebook