Connect with us

Hi, what are you looking for?

သတင်း

UWSAက အငြှိုးထားလာမှာကို မကြောက်ဘူးလို့ သက်ဆင်ပြောပြန်

ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကို ထိုင်းနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲပြောဆိုခဲ့တဲ့စကားအတွက် UWSAဆီက အငြှိုးထားလာမှာကို ကြောက်လန့်နေမှာ မဟုတ်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝတ်ထ်ကပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်​ဟောင်းသက်ဆင်။ ဓါတ်ပုံ-Khaosod English

မေ-၃၀၊၂၀၂၅။People’s Spring

ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကို ထိုင်းနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲပြောဆိုခဲ့တဲ့စကားအတွက် UWSA ဆီက အငြှိုးထားလာမှာကို ကြောက်လန့်နေမှာ မဟုတ်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝတ်ထ်ကပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ သက်ဆင်က UWSA အပါအဝင် ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းနေတဲ့ အစုအဖွဲ့ အားလုံးကို ထိုင်းနိုင်ငံရဲ့ ရန်သူအဖြစ် သတ်မှတ်ရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ နောက်ပြီး ထိုင်းကို ဝင်ရောက်လာတဲ့ မူးယစ်ဆေး အများအပြားဟာ UWSAဆီက မြစ်ဖျားခံတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

UWSAကသက်ဆင်ရဲ့ စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းဆိုထားခဲ့ပါတယ်။ မေလ ၃၀ ရက်နေ့မှာတော့ သက်ဆင်က UWSAနဲ့ ပတ်သက်လို့ သူ့ရဲ့ စွပ်စဲချက်ကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ထပ်ပြောခဲ့ပြီး အဲဒီအတွက် UWSAဖက်က ဘယ်လိုပဲ တုံ့ပြန်ပါစေ၊ ကြောက်လန့်နေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်နီးချင်းမြန်မာနိုင်ငံမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ဆန္ဒရှိရင် သူကို ပစ်မှတ်ထားလုပ်ကြံဖို့ ဆုငွေထုတ်ရင်လည်းရတယ်လို့ သက်ဆင်က ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ဖခင်ဖြစ်သူ သက်ဆင်က UWSAကိစ္စနဲ့ ပတ်သက်ရင် ဖိဖိစီးစီး ထိန်းချုပ်ပေးဖို့ တရုတ်အစိုးရနဲ့ မြန်မာ စစ်ကောင်စီကို အရင်ဆုံး တောင်းဆိုသင့်ပြီး အဲဒီကိစ္စ အဆင်မပြေရင်တော့ ထိုင်းအစိုးရကိုယ်တိုင် ကိုယ့်လက်ကိုယ့်ခြေနဲ့ ဖြေရှင်းသင့်တယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။

သတင်း

တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝနီတပ်လို့ ခေါ်လေ့ရှိတဲ့ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ရဲ့ သတ္တုတူးဖော်မှု လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုးတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

သတင်း

ထိုင်းနယ်စပ်နှင့်ထိစပ်​နေ​သော ၀တောင်ပိုင်း ဟု ခေါ်ဆိုသည့် "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေ တောင်ပိုင်း (၁၇၁) စစ်ဒေသ၌ တပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်။