Connect with us

Hi, what are you looking for?

သတင်း

UWSAက အငြှိုးထားလာမှာကို မကြောက်ဘူးလို့ သက်ဆင်ပြောပြန်

ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကို ထိုင်းနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲပြောဆိုခဲ့တဲ့စကားအတွက် UWSAဆီက အငြှိုးထားလာမှာကို ကြောက်လန့်နေမှာ မဟုတ်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝတ်ထ်ကပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်​ဟောင်းသက်ဆင်။ ဓါတ်ပုံ-Khaosod English

မေ-၃၀၊၂၀၂၅။People’s Spring

ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ကို ထိုင်းနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲပြောဆိုခဲ့တဲ့စကားအတွက် UWSA ဆီက အငြှိုးထားလာမှာကို ကြောက်လန့်နေမှာ မဟုတ်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝတ်ထ်ကပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ သက်ဆင်က UWSA အပါအဝင် ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းနေတဲ့ အစုအဖွဲ့ အားလုံးကို ထိုင်းနိုင်ငံရဲ့ ရန်သူအဖြစ် သတ်မှတ်ရမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ နောက်ပြီး ထိုင်းကို ဝင်ရောက်လာတဲ့ မူးယစ်ဆေး အများအပြားဟာ UWSAဆီက မြစ်ဖျားခံတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

UWSAကသက်ဆင်ရဲ့ စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းဆိုထားခဲ့ပါတယ်။ မေလ ၃၀ ရက်နေ့မှာတော့ သက်ဆင်က UWSAနဲ့ ပတ်သက်လို့ သူ့ရဲ့ စွပ်စဲချက်ကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ထပ်ပြောခဲ့ပြီး အဲဒီအတွက် UWSAဖက်က ဘယ်လိုပဲ တုံ့ပြန်ပါစေ၊ ကြောက်လန့်နေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်နီးချင်းမြန်မာနိုင်ငံမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ဆန္ဒရှိရင် သူကို ပစ်မှတ်ထားလုပ်ကြံဖို့ ဆုငွေထုတ်ရင်လည်းရတယ်လို့ သက်ဆင်က ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ဖခင်ဖြစ်သူ သက်ဆင်က UWSAကိစ္စနဲ့ ပတ်သက်ရင် ဖိဖိစီးစီး ထိန်းချုပ်ပေးဖို့ တရုတ်အစိုးရနဲ့ မြန်မာ စစ်ကောင်စီကို အရင်ဆုံး တောင်းဆိုသင့်ပြီး အဲဒီကိစ္စ အဆင်မပြေရင်တော့ ထိုင်းအစိုးရကိုယ်တိုင် ကိုယ့်လက်ကိုယ့်ခြေနဲ့ ဖြေရှင်းသင့်တယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။