Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ဆက်လက်အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် GSCB တိုက်တွန်း

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှ မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်ပြီး စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှူများဆက်လက်ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း‌ရေးအင်အားစု(GSCB)က တိုက်တွန်းသည်။

ဇွန်-၆၊ ၂၀၂၅။ တေဇ/People’s Spring

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှ မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်ပြီး စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှူများဆက်လက်ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း‌ရေးအင်အားစု(GSCB)က တိုက်တွန်းသည်။

“အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ လောင်စာဆီနှင့် ငွေကြေးစီးဆင်းမှုများကို နိုင်ငံတကာမှ စောင့်ကြည့် ဖိအားပေးမှုများဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်သော အရေးယူမှုများ ဆက်လက်ဖြစ်ပေါ်လာစေရန်အတွက်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါရန် GSCB အနေဖြင့် ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဇွန် ၅ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ ILO အဖွဲ့က မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ ဖြင့် အရေးယူကြောင်း ဆုံးဖြတ်ချက်ချသည့်အပေါ် ကြိုဆိုထောက်ခံပြီး ယခုကဲ့သို့ ဆုံးဖြတ်နိုင်ရန် ကြိုးစားလုပ်ဆောင်သည့် ရဲဘော်ရဲဘက်များအားလုံးအတွက် အထူးဂုဏ်ယူကြောင်း GSCB က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန်မှုများအပေါ် ILO ပုဒ်မ(၃၃)ဖြင့် အရေးယူခြင်းဆိုသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာနှင့် ဘဝကို အကာအကွယ်ပေးသော ယန္တရားကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ ယန္တရားကို ပိတ်ဆို့ အရေးယူသည့် ဆောင်ရွက်ချက် ဖြစ်ပါသည်”ဟု GSCB ကဆိုသည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို စဉ်ဆက်မပြတ် ဖော်ထုတ်ပေးခဲ့သော ပြည်သူ့ဆန္ဒဖော်ထုတ်မှုများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ပြည်တွင်း/ ပြည်ပ အစိုးရအဖွဲ့များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအလုပ်သမားသမဂ္ဂအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြေပြင်သပိတ်အဖွဲ့များနှင့် တော်လှန်ရေးတွင် ကျရာပါဝင်ဆောင်ရွက်ခဲ့ကြသူ အားလုံးတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု GSCB ကဆိုသည်။

ယင်းအရေးယူမှုကို မထောက်ခံခဲ့သည့် ရုရှား၊ တရုတ်၊ ဘီလာရုဇ်၊ ပိုလန် နှင့် လာအိုနိုင်ငံ အစိုးရတို့မှလွဲ၍ ထောက်ခံအားပေးခဲ့သည့် အခြားနိုင်ငံများ၏ အစိုးရများကိုလည်း ပြည်သူများကိုယ်စားကျေးဇူးတင်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ