Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်လဆန်းက ဒေသတခုမှာ ဆိုင်ကယ်တွေဖမ်းနေတဲ့ စစ်အုပ်စုဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-File

ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်လဆန်းကတည်းက စစ်ကောင်စီတပ်က တပြည်လုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးခဲ့ရာမှာ စီးနင်းလာတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး ဆိုင်ကယ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတွေပါ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

“စစ်ကိုင်းတံတားမှာ စျေးသည်အမျိုးသမီးက ဆိုင်ကယ်အဖမ်းခံရတယ်။ ဆိုင်ကယ်သိမ်းတော့ တောကလာတဲ့လူတွေဘာနားလည်မလဲ။ ကျမဆိုင်ကယ်မပါဘဲ မပြန်ဘူးလို့ပြောတော့ လူကိုပါဖမ်းသွားတာ။”လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မန္တလေးမြို့ပေါ်မှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာသူတွေကို စစ်တပ်က လှည့်လည်ကာ ဖမ်းဆီးနေပြီး အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးအရေအတွက်ကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသားတွေကို စစ်တပ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့လည်း မြို့ခံအချို့ကဆိုပါတယ်။

စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဥ်တွေကို အသုံးပြုပြီး ၎င်းတို့ကို လာရောက်တိုက်ခိုက်မှာစိုးရိမ်လို့ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။