Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကကောလင်းနှင့်ဝန်းသိုကို ဗုံးကြဲ၍ ပြည်သူ ၃ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်ကယမန်နေ့(ဇွန်လ ၉ရက်)ညတွင်ကောလင်းနှင့် ဝန်းသိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ​ဒေသခံပြည်သူ ၃ဦး ဒဏ်ရာရပြီး အိမ်၆လုံး ပျက်စီးခဲ့သည်။

ကောလင်းနှင့်ဝန်းသိုကို စစ်တပ်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။​ ဓါတ်ပုံ-​ကောလင်းPDF

ဇွန်-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီတပ်ကယမန်နေ့(ဇွန်လ ၉ရက်)ညတွင်ကောလင်းနှင့် ဝန်းသိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ​ဒေသခံပြည်သူ ၃ဦး ဒဏ်ရာရပြီး အိမ်၆လုံး ပျက်စီးခဲ့သည်။

ကောလင်းမြို့နယ်၊အရှေ့ပိုင်းရှိ ဖလဲရွာအပါအဝင် ရွာ၂ရွာကို ည ၉နာရီ၂၀မိနစ်နှင့် ဝန်းသိုမြို့၊ ကံကုန်းရွာကို ည ၉နာရီ၃၁မိနစ်၌ လေကြောင်းမှဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဖလဲကျေးရွာမှ အမျိုးသမီး၂ဦး၊ အမျိုးသား၁ဦးဒဏ်ရာရပြီး အိမ် ၆လုံးပျက်စီးသွားခဲ့သည်ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(​ကောလင်းPDF)ကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အခြားအသေးစိတ်ကိုထုတ်ပြန်ထားခြင်းမရှိပေ။ ဝန်းသိုမြို့၊ ကံကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးမှုကို မသိရသေးကြောင်း ကောလင်းဒေသခံသတင်းရင်းမြစ်ကပြောသည်။

ကောလင်းမြို့နှင့်ဝန်းသိုမြို့သည် ဆက်စပ်နေပြီး မြို့ပေါ်မှလွဲ၍ ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။စစ်တပ်ကကောလင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများတွင်အရပ်သားများအတွက်အလွန်အန္တရာယ်များသော Cluster Bompများသုံးပြီး တိုက်ခိုက်နေကြောင်းကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီက အပစ်ရပ် ကြေညာချက်ထုတ်ပြန်ထားသော်လည်း ဒေသအများအပြားတွင်လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

Facebook