Connect with us

Hi, what are you looking for?

သတင်း

ရွာများကိုမီးရှို့ဖျက်ဆီးပြီး ပေါင်းတည်သို့ပြန်လာသည့် စစ်တပ်ကိုPDFနှင့်ပကဖကြားဖြတ်တိုက်ခိုက်၊ သေနတ်ရှစ်လက်နှင့် ခဲယမ်းများရ

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ်ရှစ်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ဓာတ်ပုံ -PPDF

ဇွန် – ၁၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ်ရှစ်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

ဇွန်လ ၃ ရက်နေ့နံနက် ၉ နာရီခန့်က ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာနှင့် မအူကွင်းရွာကြားသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တပ်ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်းရုံး၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ(၄)၊ ပြည်ခရိုင်(ပကဖ)၊ ရွှေတောင်(ပကဖ)၊ ပေါက်ခေါင်း (ပကဖ)နှင့် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ် သည်အဖွဲ့၊ တပ်ခွဲ(၆)ဧရာညီနောင်အဖွဲ့တို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၁၁)ဦးသေဆုံး၍ ရှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကာ ၎င်းတို့ထံမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၂)လက်၊ MA1(၂)လက်၊ MA3(၆)လက်၊လက်ပစ်ဗုံး(၂)လုံး၊ MA1 ကျည်ဘောက်(၃)ဘောက်၊MA3 ကျည်ဘောက်(၅)ဘောက်၊ G3ကျည်ဘောက်(၁)ဘောက်၊ 5.56ကျည်(၅၆)တောင့်၊7.62 ကျည်(၁၆)တောင့်၊ icom(၁)လုံး၊ WYစိတ်ကြွဆေးပြား(၁၅၀)ပြားနှင့် အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု တပ်ရင် ၃၆၀၁ က အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်း၊ ကွမ်းအုံစု၊ အိုင်စောက်၊ မြေနီကုန်း၊ သဖန်းကိုင်း၊ ဒလမဲ၊ မ ရိုးကျွန်း၊ ပြန်ချီတက်စသည့် ကျေးရွာများအားရွာစဉ်လှည်မီးရှို့ပြီး ပေါင်းတည်မြို့နယ်ဘက်သို့ ပြန်ဆုတ်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှလက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက် ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့(ဇွန်လ ၃ ရက်)နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် Jet Fighter နှစ်စီးဖြင့် ဗုံးသီးခြောက်လုံး၊ ညနေ ၅ နာရီတွင် ပြည်ဘက်မှလာသောလော စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးသီးလေးလုံး အသီးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခုလက်ရှိ အဲဒီစစ်ကြောင်းက ပေါက်ခေါင်းမြို့နယ်အပိုင်ထဲကို ပြန်ဆုတ်သွားပြီ။ ဒါပေမဲ့လို့ ဆုတ်သွားတဲ့နေရာက ကျနော်တို့နဲ့ သိပ်မဝေးတဲ့အတွက် စစ်ဆိုင်ထားဆဲဖစ်ပါတယ်”ဟု တပ်ရင်း ၃၆၀၁ ၏ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးသို့ ပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအပါအဝင် စက်တပ်လေ ထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း ၃၆၀၁ က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။