Connect with us

Hi, what are you looking for?

သတင်း

သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ရှည်လများ ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့် ပိတ်ပင်ခံရသည့်အခြေအနေကို ကုလ၌ မြန်မာသံအမတ်ကြီးပြော

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားသည်။

ဇွန်-၁၄၊၂၀၂၅။အီယိုရီ/ People’s Spring

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ယမန်နေ့(ဇွန်လ ၁၃ရက်)က ပြုလုပ်သည့် ‘ဒုတိယအခွင့်အရေး-ကမ္ဘာလုံးဆိုင်ရာအကျဥ်းထောင်စိန်ခေါ်မှုကို ဖြေရှင်းခြင်း’ အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားစဥ် စစ်အုပ်စုက အကျဉ်းသားများကို သီးခြားဖယ်ထုတ်၍ ပျောက်ကွယ်အောင် ဖယ်ရှားပစ်ရန်နှင့် ရွေးကောက်ခံခေါင်းဆောင်များကို ဖယ်ထုတ်ခြင်းဖြင့် ဒီမိုကရေစီကို ဆိတ်သုဉ်းစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း သံအမတ်ကြီးက အသိပေးသည်။

စစ်တပ်လက်အောက်ခံတရားရုံးများသည်လျှို့ဝှက်စွာလှုပ်ရှားပြီးသေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်းချမှတ်နေကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ဒီမိုကရေစီ ထောက်ခံ အားပေးသူ (၁၆၀)ခန့် သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု အစီရင်ခံသည်။

အာဏာသိမ်းစစ်ကောင်စီသည် အကျဉ်းထောင်အသစ်များကိုလည်း တည်ဆောက်လျက်ရှိပြီး ယင်းအဆောက်အအုံများမှာ တရားမျှတမှုအား ကိုင်စွဲရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို အကျဉ်းချရန်အတွက်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း ကျောင်းသူကျောင်းသားများ၊ ဆရာဝန်များ၊ သတင်းထောက်များ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ကလေးများအထိပါဝင်လျက် ပြည်သူ (၂၉,၀၀၀) ကျော်မှာ နိုင်ငံရေးရပ်တည်ချက်များကြောင့် ဖမ်းဆီးထိန်းချုပ်ခံခဲ့ရသည်။ အများစုမှာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး စစ်တပ်မှ ငွေညှစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း သံအမတ်ကြီးက ကုလသို့ ရှင်းပြသည်။

ဖမ်းဆီးခံထားရသူများအနက် (၂၂,၀၀၀)ကျော်မှာ ဆက်လက် ထိန်းသိမ်းခံထားရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရပြီး ဖမ်းဆီးထိန်းချုပ်ခံထားရသူများအနေဖြင့် တရားမျှတမှုရှိသော တရားခွင်ဆုံးဖြတ်မှုကို တစ်ကြိမ် တစ်ခါမျှ ခံစားခွင့် မရခဲ့ကြကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည်တံခါးပိတ်တရားခွင်များဖြင့် မတရားကွပ်မျက်စီရင်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင်လည်း စစ်အုပ်စုက ကိုကောင်းထက်နှင့် လူငယ် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူမချမ်းမြေ့သူတို့ကို ထပ်မံ၍ မတရား ကွပ်မျက်စီရင်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုက လက်ရှိ တိုင်းပြည်ကြုံတွေ့နေရသည့် အကျပ်အတည်း၏ ဇစ်မြစ်ဖြစ်ကြောင်း သံအမတ်ကြီး ကုလသို့ ရှင်းပြသည်။

စစ်အုပ်စုသည် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ချိုးဖောက်သည့်အပြင် အရပ်သားပြည်သူများအပေါ် စစ်မက်ကျူးလွန်နေခြင်းကြောင့် အကျဉ်းကျနေသူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံးမှာ နေရပ်စွန့်ခွာမှုပြဿနာနှင့် လူသားစာနာအကျပ်အတည်း ဒုက္ခ တို့ကို ရင်ဆိုင်နေရသည်။

ထိုအခြေအနေတွင်စစ်အုပ်စုကပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေပြီး နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

စစ်အုပ်စုသည် စစ်ရာဇဝတ်နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တစ်ဦးတည်းသော တရားခံများပင်ဖြစ်ပြီး ၎င်းတို့အား မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်းသံအမတ်ကြီး ဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေးအတွက် အားထုတ်နေသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို ကူညီ အားဖြည့်ပေးကြရန် ကုလဆိုင်ရာမြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။