Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယို ဂင်းနစ်မှတ်တမ်းဝင်ဖို့ သေချာနေပြီ

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

ဇွန်-၁၆၊၂၀၂၅။တေဇ/People’s Spring

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ငါးသောင်းကျော်ရရှိထားပြီဖြစ်ပြီး ရှစ်သောင်းပြည့်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

“အမေ့ကိုချစ်တဲ့သူတွေရဲ့ ကြိုးစားမှု့တွေဟာ ၈၀၀၀၀ ပြည့်ဖို့ နီးကပ်လို့လာနေပါပြီ ။ကျွန်တော် တို့ကမ်ပိန်း စတော့ အစည်းအဝေးတစ်ခုမှာ promoter တစ်ဦးကပြောတာ လေးကိုအမှတ်ရမိတယ်”ခင်ဗျားတို့ server သာ ခိုင်အောင်လုပ်ထား အမေ့သားသမီးတွေကတာဝန်ကြေတယ်ဆိုတာပါ “ကဲဆက်ဆွဲကြစို့ သိပ်မလိုတော့ဘူး ၃ ရက်ပဲကျန်တယ်” ဟု ယင်းအစီအစဉ်ကို ဦးဆောင်သည့် Suu 80 Birthday Campaign ပေ့ခ်ျကရေးသားထားသည်။

ဇွန် ၁၆ ရက်အထိ မွေးနေ့ဆုတောင်း ဗီဒီယို ငါးသောင်း သုံးထောင်ခန့်ရရှိထားပြီး မွေးနေ့ဆုတောင်းဗီဒီယိုများကို ဇွန် ၁၉ ရက် ဗြိတိန်စံတော်ချိန် ည ၁၁ နာရီအထိ လက်ခံပေးမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို ကို ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခင် ဂင်းနစ်မှတ်တမ်းသည် ဗီဒီယိုဖိုင် သုံးသောင်းကျော်ဖြစ်သောကြောင့် လက်ရှိအရေအတွက်သည် ဂင်းနစ်မှတ်တမ်းအတွက် လုံလောက်နိုင်မည်ဖြစ်သည်။

သို့သော်လည်း လုံခြုံရေးအခြေအနေအရ မျက်နှာကို Mask အုပ်၍ ဆုတောင်းပေးသူများ၏ ဗီဒီယိုများ၊ အသံမကြည်လင်သည့် ဗီဒီယိုများကို ဂင်းနစ်မှတ်တမ်းအဖွဲ့အစည်းဘက်မှ ပယ်ချမှူများရှိနိုင်သော‌ကြောင့် ရှစ်သောင်း ပြည့်မြောက်သည်အထိ ပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများကတောင်းဆိုထားခြင်းဖြစ်သည်။

“အမေစုမွေးနေ့ဆုတောင်း video တွေနဲ့ Guinness စံချိန်ချိုးဖို့ကြိုးပမ်းမှုဟာ အပျော်တမ်းမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်။ စံချိန်ချိုးနိုင်ခဲ့ရင် အကျိုး၂ခုရှိပါတယ်။တခုက မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ attention ကိုရသင့်သလောက်မရဘူးဖြစ်နေတဲ့အတွက် Guinness စံချိန်တင်နိုင်ရင် social media တွေကနေတဆင့် viral news တခုဖြစ်လာနိုင်တယ်။နောက်တခုကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ ခေါင်းဆောင်ကို ဆက်လက်ထောက်ခံအားပေးပြီး ချစ်မြဲချစ်ကြောင်း ကမ္ဘာကိုပြတဲ့ statement တခုလည်းဖြစ်တယ်။ အမေစုကြားရင်လည်းစိတ်ခွန်အားဖြစ်မှာပါ။ အရေးကြီးပါတယ်။ ပါဝင်ပေးကြပါ။ ” ဟု သရုပ်ဆောင် ဇဏ်ခီက တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် ကလည်း ယင်းကမ်ပိန်း၌ ပါဝင်ပေးသူများကို ကျေးဇူးတင်ကြောင်း နှင့် မွေးနေ့ဆုတောင်းဗီဒီယို ရှစ်သောင်း‌ပြည့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။

ကင်မ်အဲရစ်က ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ ရက်အတွက် ကီလိုမီတာ ၈၀ ပြေးသည့် စိန်ခေါ်မှုကို ပြုလုပ်လျက်ရှိပြီး ပြည်သူများကိုလည်း “၈” ဂဏန်းနှင့်ပတ်သက်သည့် စိန်ခေါ်မှုများပြုလုပ်ရန် တောင်းဆိုထားသည်။

မွေးနေ့ဆုတောင်း ဗီဒီယို ကမ်ပိန်းတွင်ပါဝင်လိုသူများ အနေဖြင့် ဗီဒိီယိုတွင် Happy Birthday နှင့် Su စကားလုံးများပါဝင်ရမည်ဖြစ်ပြီး အများဆုံးစက္ကန့်သုံးဆယ်ကြာမြင့်ရမည်ဖြစ်ကာ ရိုက်ကူးထားသည့် ဗီဒီယိုများကို Suu 80 Birthday Campaign ၊ Kim Aris-Htein Lin စသည့် ပေ့ခ်ျများသို့ပေးပို့နိုင်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။